အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များ အနက်မှ စစ်သည် ၂ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိ
နေပြည်တော်၊ ဇူလိုင် - ၃

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက် ပြီးဆုံး၍ ဇွန် ၂၆ ရက်တွင် တပ်မတော် လေယာဉ် ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာ ကန့်သတ် သီးခြားစောင့်ကြည့် ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦးအနက် စစ်သည် ၅ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိမှု သတင်းအား ဇွန် ၂၇ နှင့် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းလာခဲ့သည့် ကျန်ရှိသူ ၄၃ ဦးအား သီးခြားစောင့်ကြပ်ကြည့်ရှုခြင်း၊လိုအပ်သည့်ရောဂါရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက် လျက် ရှိစဉ် စစ်သည် ၂ ဦးသည် ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း ဖြစ်ပေါ်လာသဖြင့်ယနေ့ တွင် ၎င်းတို့ ၂ ဦး၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ရယူ၍ မဂင်္လာဒုံမြို့နယ် ရှိ တပ်မတော် ဆေးရုံကြီး(ခုတင်-၁ဝဝဝ)၌ Polymerase Chain Reaction (PCR) နည်းဖြင့် ဓာတ်ခွဲ စစ်ဆေးခဲ့ရာ အဆိုပါစစ်သည် ၂ ဦးတွင် COVID-19 ရောဂါပိုးတွေ့ ရှိ(တွေ့ရှိ)ရကြောင်းသိရှိရသည်။ ရောဂါပိုး တွေ့ရှိရသော စစ်သည်များအား တပ်မတော် က ကြိုတင်စီစဉ်ထားသည့် တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်သည်များနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ်တစ်စီးတည်း လိုက်ပါ စီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment