Tuesday, July 21, 2020

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၁


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့၊ ဝမ်ပုံကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်း၌ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ အခြေခံပညာအထက် တန်းကျောင်းခွဲ၌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တမာခေါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ သမန်းကျေးရွာနှင့် ကျွန်းပင်ဆိပ် ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက လည်းကောင်း ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိလောဂများ နေရာချထားပေး ခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment