လောက်ကိုင်-ရန်လုံကျိုင်းကားလမ်းပေါ်၌ မြေပြိုမှုဖြစ်ပွားသဖြင့် တပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လောက်ကိုင်မြို့နယ်၊ လောက်ကိုင်-ရန်လုံကျိုင်းကားလမ်း ပေါ်ရှိ တောင်ညီနောင် အနီး လောက်ကိုင်မြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာနေရာ၌ ယနေ့နံနက် ၉ နာရီခန့်တွင် တောင်စောင်းပေါ်မှ မြေသားနှင့်ကျောက်တုံးများ ကားလမ်းပေါ်သို့ ပြိုကျမှုဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှုကြောင့် ရန်လုံကျိုင်းဘက်မှ လောက်ကိုင်မြို့ဘက်သို့ မောင်းနှင် လာသောမော်တော်ယာဉ် ၂ စီးမှာ တိမ်းမှောက်ခြင်း၊ ကျောက်တုံးပိ၍ ပျက်စီးခြင်းနှင့် ယာဉ်မောင်း ၂ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယာဉ်မောင်း ၂ ဦးအား လောက်ကိုင်မြို့၊ ရပ်ကွက်(၃)ရှိ အိုက်မင်ဆေးခန်း၌ ဆေးကုသမှုခံယူလျက် စေရှိကြောင်း သိရသည်။
အဆိုပါမြေပြိုမှုဖြစ်ပွားရာနေရာသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ကားလမ်းပေါ်ပြိုကျနေသည့် မြေသားနှင့်ကျောက်တုံးများအား ကူညီဖယ်ရှားရှင်းလင်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment