ရေဝင်ရောက်မှုဖြစ်ပွားခဲ့သော အမရပူရမြို့နယ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၂၂

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေစိမ့်ဝင်ပြီး တာဘောင်ကျိုးကာ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မှန်တန်းရပ်ကွက်၊ ယင်းတော် ရပ်ကွက်၊ ဈေးချိုရပ်ကွက်နှင့် ကျန်းတန်းရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၁ ရက်မှစတင်၍ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က ယာယီရေဘေးရှောင်စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင်လည်း ယာယီရေဘေးရှောင်စခန်းများဖြစ်သည့် ကျန်တန်းရပ်ကွက်ရှိ ပွဲတော်ကုန်းဘုန်းတော်ကြီး ကျောင်း၊ ကျန်တန်းရပ်ဓမ္မာရုံ၊ ပေါက်ပေါက်တန်းဓမ္မာရုံ၊ မှန်တန်း ရပ်ကွက်ရှိ သကျမဉ္ဇူဘုရားဝင်း၊ သက်တော်ရ သက်တော်ရှည်ဘုရားဝင်း၊ ဈေးချိုရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း၊ ဦးလင်းဓမ္မာရုံတို့ရှိ ရေဘေးသင့် ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ Mask များဝေငှခြင်းနှင့် ရေဝင် ရောက်လျက်ရှိသော ကျေးရွာအမြင့်ပိုင်းနေရာများရှိ ဒေသခံပြည်သူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မန္တလေးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဝင်းဇော် နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment