တပ်မတော်မှ အငြိမ်းစားယူသွားပြီး ဦးပိုင်အစုရှယ်ယာမှ အမြတ်ငွေများကို ထုတ်ယူရန် အခက်အခဲရှိနေသည့် စစ်မှုထမ်းဟောင်းများအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထုတ်ယူနိုင်ရေးအတွက် နည်းလမ်းလေး တင်ပြပေးလိုက်ပါတယ်နော်။ ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း ၅၁လမ်းနှင့်၅၂ လမ်းကြားရှိ ဦးပိုင်လီမီတက်ရုံးချုပ် သို့ မိမိကိုယ်တိုင် (သို့) သေဆုံးစစ်သည်ဖြစ်ပါက အမွေစားအမွေခံကိုယ်တိုင် သွားရောက်ရမည်ဖြစ်ပါသည်။

ယူဆောင်သွားရမည့်စာရွက်စာတန်းများမှာ-
(၁) မှတ်ပုံတင်မိတ္တူ ၂စောင် (ပိုပိုလိုလိုတော့ဆောင်သွားပါ)
(၂) ရေး(၄၆)တပ်ထွက်လက်မှတ်မူရင်း
(၃) ကကငွေအမိန့် (မိမိတပ်ထွက်စဉ်ကပင်စင်ထုတ်ယူရန်
ငွေစာရင်းရုံးမှပေးပို့လိုက်သည့်ငွေစာရင်းစာရွက်မူရင်းကို ဆိုလိုပါသည်)
(၄) မိမိပင်စင်လစာထုတ်ယူနေသည့်စမက်ကပ်(သို့မဟုတ်)စာအုပ်
(၅) အိမ်ထောင်စုဇယားမူရင်း
၎င်းစာရွက်စာတမ်းများယူဆောင်သွားရပါမည်။
လမ်းညွှန်
ဥပမာ မိတ္ထီလာမှသွားမည်ဆိုပါက ရွှေမန်းသူစီး၊ တောင်ဥက္ကလာအဝေးပြေးကွင်းရောက်တာနဲ့၊ တက်စီငှားသွား ရင်၎င်းရုံးအရောက်ငါးထောင်ကျပ်သာပေးရပါသည်။၊ ၈.၃၀ ရုံးဖွင့်ပါသည်။ ရောက်ရောက်ချင်းတုန်ကင်ယူရ ပါမည်။ မိမိတုန်ကင်ခေါ်တာနဲ့ရုံးထဲဝင်ပြီး သက်ဆိုင်သူစာရေးမအားမိမိစာရွက်စာတန်းပြလိုက်ရုံနဲ့ ကွန်ပျူတာ မှာထည့်ပေးပါသည်။ ကွန်ပျူတာမှ မိမိစုဆောင်းငွေပမာဏနှင့် ရရှိမည့်အတိုးတွက်ချက်ပေးသွား မည်ဖြစ် သည်။ အတိုးငွေတစ်သိန်းအောက်ဆို၎င်းရုံးမှာ ပင်ထုတ်ပေးပါသည်။ တစ်သိန်းအထက်ဆိုပါက မိမိထုတ်ယူလို သည့် မြို့ထုတ်ယူမည့်ဘဏ်တို့ကိုအကောင့်လုပ်ပေးပါသည်။ တစ်ချို့တပ်မတော်မှအငြိမ်းစားယူပြီး သုံးလေး နှစ်ရှိပြီ..ဘယ်မှာထုတ်လို့ထုတ်ရမှန်းမသိသူတွေအများကြီးတွေ့နေရလို့စေတနာဖြင့်တင်ပေးလိုက်ရခြင်းဖြစ်ပါသည်။
လမ်းညွှန်ပေးသူကို ကျေးဇူးတင်ပါတယ်။ Credit လည်းပေးပါတယ်။

0 comments:
Post a Comment