မိုးသည်းထန်စွာရွာသွန်းပြီး ရေကျော်၊ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့်နေရာများ၌ နယ်မြေခံ တပ်မတော် သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၂၃

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်ဗျူချောင်းရေမြင့်တက်ပြီး တနိုင်းမြို့၊ အေးသုခ ရပ်ကွက်နှင့် ဂျိုဆာဒီးကျေရွာတို့ရှိ နေအိမ်များသို့ ချောင်းရေဝင်ရောက်မှု များဖြစ်ပေါ်ခဲ့သည်။ ချောင်းရေဝင် ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေအိမ်များမှ ရေဘေးသင့်ပြည်သူ များအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ချမ်းမြေ့ရွှေ ပြည်ကျောင်းတိုက်နှင့် ရေဘေးလွတ်ရာ နေအိမ်များသို့ တပ်မတော်ပိုင် မော်တော် ယာဉ်၊ စက်လှေများဖြင့် ကူညီရွှေ့ပြောင်းပေးသည်။
ထိုသို့ ချမ်းမြေ့ရွှေပြည်ကျောင်းတိုက်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေး ရှောင်ပြည်သူများအား နယ်မြေခံဆေးကုသရေးအဖွဲ့က ကျန်းမာရေးစစ်ဆေးကုသပေးပြီး ဆန် ၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ ပဲ ၁ အိတ်ခွဲ နှင့်စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့ပြင် ပုန်ခုန်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ခေါက်ဆွဲ ခြောက် ၁၀ ဖာနှင့်သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀ ဘူးကိုလည်းကောင်း၊ အောင်စိုးမိုးကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား သောက်သုံးရေနှင့် ထမင်းဘူးများကို လည်းကောင်း နယ်မြေခံတပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းသည်။

အလားတူ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ယား ကျေးရွာအနီး နန့်ယား-ကာမိုင်း သွားကားလမ်းပေါ်နှင့် ကာမိုင်း-ဖားကန့်သွားကားလမ်းပေါ်သို့ ရေကျော်မှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေကျော်မှုဖြစ်ပေါ်ခဲ့သည့်ကားလမ်းများပေါ်သို့ ယနေ့တွင် နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ယာဉ်များလမ်းချော်မှု မရှိစေရေးနှင့် ခရီးသွားပြည်သူ များသွားလာမှုအဆင်ပြေစေရေးတို့ အတွက် လမ်းနယ်အမှတ်အသားများ ငုတ်ရိုက်ကြိုးတား ပေးခြင်းနှင့်လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment