မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ရွှေထီးဆောင်းဆရာတော်ဦးဆောင်သည့် ပရဟိတအဖွဲ့များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁၇

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ တက်ရောက်ကုသနေသော လူနာများအတွက် သွေးလိုအပ်ချက်ဖြည့်ဆည်းရန် ယနေတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှ ရွှေထီးဆောင်း ဆရာတော် အရှင်အာဒိစ္စာလင်္ကာရ(လူမှုထူးချွန်ပထမဆင့်၊ ထပ်ဆင့်ဇေယျာထူးချွန် ပထမ)ဦးဆောင်သော ပရဟိတအဖွဲ့များ၊ မန္တလေးမြို့ပေါ်ရှိ ပရဟိတအဖွဲ့များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက အဆိုပါဆေးရုံကြီးရှိ သွေးလှူဘဏ်၌ သွားရောက်လှူဒါန်းကြသည်။
ဦးစွာ သွေးလှူရှင်များဖြစ်ကြသည့် ရွှေထီးဆောင်းဆရာတော်အမှူးပြုသော သံဃာတော် ၁ပါး၊ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၄၄ ဦးနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်က သတ်မှတ်နေရာ၌ သွေးလှူဒါန်းကြသည်။ ယင်းသို့သွေးလှူဒါန်းနေမှုများကို ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဝင်းမြတ်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအား အားဆေးများနှင့်အင်အားဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်းနှင့် သွေးလိုအပ်ချက်ရှိပါက ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment