ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာအနီး၌ မိုင်းဟောင်းတစ်လုံးနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံး
နေပြည်တော် ၊ ဇူလိုင် - ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာရှိ (Landmark Hill Resort) တွင် ဂဟေဆော်လုပ်ငန်း လုပ်ကိုင်နေသည့် ဦးကျော်မော်သက်နှင့် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်နေသူပါ ၃ ဦးတို့သည် ၂၂ ရက် ည ၁၁ နာရီခန့်တွင် ကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ ဒေသအခေါ်မင်းသမီးချောင်းဖျားသို့ အမဲလိုက်ရန် ထွက်ခွာသွားပြီး လူစုခွဲ၍ အမဲလိုက်နေစဉ် ကျော်မော်သက်မှ မိုင်းဟောင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းင်းတွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် အဆိုပါနေရာ၌ပင် သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးသူရုပ်အလောင်းအား ကျေးရွာမှ တာဝန်ရှိသူများက သွားရောက် သယ်ဆောင်၍ လုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment