ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်၊ ဇူလိုင် - ၂၂

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥတုချောင်းရေမြင့်တက်လာပြီး ဖားကန့်မြို့၊ ငှက်ပျော တောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်နှင့် မြို့မရပ်ကွက်တို့၌ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယနေ့တွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ လမ်းများပိတ်ဆို့မှု မဖြစ်စေရေး၊ ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူ များသွားလာရေးအဆင်ပြေစေရေးအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အလားတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးကောင်းချောင်းရေမြင့်တက်လာပြီး မြစ်ကြီးနား-တနိုင်း သွား ကားလမ်း ရှဒူဇွပ်ကျေးရွာအနီး ချောင်းရေကျော်လျက်ရှိသောနေရာ၌ ယနေ့တွင် နယ်မြေခံတပ်မတော်သား များက ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေရန် အသက်ကယ်လှေများဖြင့် ကူညီပို့ဆောင်ပေးခြင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မည့်ပစ္စည်းများကို ကူညီပို့ ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် နယ်မြေခံတပ်မတော်သားများက နန်ဖြတ်ချောင်းရေဝင်ရောက်ခဲ့သည့် ဂျိုဆာဒီးကျေးရွာမှ ဒေသခံပြည်သူ များအား သောက်သုံးရေများကိုလည်းကောင်း၊ အလိုတော်ပြည့်ကျောင်းတိုက်သို့ ရွှေ့ပြောင်းရောက်ရှိနေသည့် ရှဒူဇွပ်ကျေးရွာမှ ရေဘေးသင့် ပြည်သူများကို သောက်သုံးရေများ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment