Friday, July 31, 2020

ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ပန်းတောင်းမြို့နယ်၊ ပဲကြီးအင်းကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ပန်းတောင်းမြို့နယ်၊ ပဲကြီးအင်းကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၃၀


ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာအုပ်စု၊ ပဲကြီးအင်းကျေးရွာသို့ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၆ ဦးတို့ကို ရေလွတ်ရာ နေရာများသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ကူညီရွှေပြောင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment