Monday, July 27, 2020

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၇


COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက် ဖွယ်ရာ များ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ မြစေတီကျောင်း တိုက်နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်စု၊ ကွမ်ဖျား ကျေးရွာ၊ ကွမ်ဖျားကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ဒဂုံပရိယတ္တိစာသင်တိုက်နှင့် သန်လျင်မြို့နယ်၊ ပုဂံတောင်ကျေးရွာ၊ ဓမ္မိကာရာမပျိုးဥယျာဉ် ပရိယတ္တိရွှေကျင်စာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်း ပရိယတ္တိစာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဇရပ်ကွင်းကျေးရွာဘုန်းတော်ကြီး ကျောင်း၊ ပဲခူးမြို့၊ ဘောနတ်ကြီးကျေးရွာ၊ ဟိတဓရ ဘုန်းတော်ကြီးကျောင်း၊ ပဲခူးမြို့၊ လိပ်ပြာကန် သီလရှင်စာ သင်တိုက်၊ သာယာဝတီမြို့၊ ရေတိုက်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရွှေတောင်မြို့၊ မယားမာန်ကျေးရွာ၊ တောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်း၊ ကျောက်ကြီးမြို့၊ ရွာကြီးအင်းကျေးရွာ၊ မန္တလာရာမ ဘုန်းတော်ကြီးကျောင်းနှင့် ကျွန်းတောကျေးရွာဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄) မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ခိုလမ်မြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နယ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မွန်ပြည်နယ်၊ သထုံမြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ သံဃာတော် များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဒေသခံပြည်သူများကို COVID-19ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment