Friday, July 31, 2020

AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ ၂ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရရှိ

AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ ၂ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရရှိ
==============

နေပြည်တော်၊ ဩဂုတ်-၁

Image may contain: text that says 'AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိ'

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာနေ ဦးမောင်တင်သည် ဂျိတ်ချောင်းရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် ဒညင်းခြံသို့ ဇူလိုင် ၂၉ ရက်တွင် ဒညင်းသီးခူးရန်သွားစဉ် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ သေဆုံးခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်ထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသဖြင့် မြေးတော်စပ်သူ သက်နိုင်စိုး နှင့် အတူ ရွာသား ၇ ဦးခန့်က လိုက်လံရှာဖွေခဲ့ပြီး မိုင်းနင်းမိသေဆုံးသူ အဘိုးဖြစ်သူ အလောင်းအား သယ်ယူရန် ပြင်ဆင်စဉ် သက်နိုင်စိုး သည် မိုင်းတစ်လုံးအား ထပ်မံနင်းမိ သေဆုံးခဲ့ကာ တစ်ရွာတည်းနေ ဦးဆန်းဝင်း မှာလည်း မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းမိုင်းစထိမှန်ဒဏ်ရာရရှိသူအား နယ်မြေခံ တပ်မတော်ဆေးရုံတွင် လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့


0 comments:

Post a Comment