မိုးကောင်းချောင်းရေဝင်ရောက်ခဲ့သည့် ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ ရေဘေး သင့်ပြည်သူ များအား နယ်မြေခံတပ်မတော်သားများက ရေဘေးလွတ်ရာသို့ ကူညီ ရွှေ့ပြောင်းပေး
နေပြည်တော်၊ ဇူလိုင် - ၂၁

ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာပြီး မြစ်ကြီးနား-တနိုင်းကားလမ်းပေါ်ရှိ ရှဒူဇွပ်ကျေးရွာမြေနိမ့်ပိုင်းရှိ နေအိမ်များသို့ ချောင်းရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော ရှဒူဇွပ်ကျေးရွာမှ ရေဘေးသင့်ပြည်သူ ၁၁၀၀ ဦးကို ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များက စက်လှေ ၆ စီး၊ သက်ကယ်လှေ ၃ စီး၊ သက်ကယ်အင်္ကျီများဖြင့် ရေဘေးလွတ် ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး လိုအပ်သည့်သောက်သုံးရေများ၊ ထမင်းဘူး များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment