Thursday, July 23, 2020

မိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

မိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာ ရေးမှူး၊ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ဆရာမများ တက်ရောက် ကြသည်။

ထိုသို့လှူဒါန်းရာတွင် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက ကျောင်းအတွက် စတီးလက်ဆေးဘေစင် ၉ စုံ၊ ရေမလိုလက်သန့်ဆေးရည် ၁၆ ဘူး၊ကြက်ဥ ၁၅၀ လုံးနှင့် ရွှေဖီဦးကော်ဖီမစ်ထုပ်များကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment