Sunday, July 26, 2020

ရေတာရှည်မြို့၊ သီတဂူကျောင်းတိုက်၌ အမျိုးသမီးအသက်မွေးဝမ်းကျောင်းပညာ သင်ကျောင်း ဖွင့်လှစ်

ရေတာရှည်မြို့၊ သီတဂူကျောင်းတိုက်၌ အမျိုးသမီးအသက်မွေးဝမ်းကျောင်းပညာ သင်ကျောင်း ဖွင့်လှစ်

နေပြည်တော်၊ ဇူလိုင် - ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တတိက္ခသာရ နှင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းသည့် ရေတာရှည်မြို့၊ သီတဂူကျောင်းတိုက်၊ အမျိုးသမီး အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း၌ ပြုလုပ် ရာ တောင်ငူမြို့၊ သီတာရုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍ၀ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် စေတနာရှင်အလှူရှင် များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် အလှူရှင်များက အမျိုးသမီးအသက်မွေးဝမ်းကျောင်းပညာသင် ကျောင်းတံခါးကို အမွှေးနံ့ သာရည်များပက်ဖျန်းကြပြီး သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူ ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ထံမှ အနုမောဒနာ တရား နာယူကြပြီး အသက်မွေးပညာသင်ကျောင်းရှိ ကွန်ပျူတာနှင့် စက်ချုပ်သင်တန်းဆောင် များကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ သီတဂူကျောင်းတိုက် အမျိုးသမီးသင်တန်းကျောင်းသည် ရေတာရှည်မြို့၊ အမှတ်(၆)ရပ်ကွက်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယနေ့မှစ၍ သင်တန်းသူ ၄၀ ဦးဖြင့် ကွန်ပျူတာဘာသာရပ်၊ စက်ချုပ်ဘာသာရပ်နှင့် စာရင်းအင်းပညာရပ်များကို သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment