Thursday, July 16, 2020

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှည်းကူးမြို့နယ် စာရေးဆရာများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်း

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှည်းကူးမြို့နယ် စာရေးဆရာများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၆
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုကန့်သတ်ချက်များရှိလာသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စာရေးဆရာများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ဆီ၊ ဆား၊ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် COVID-19ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် ပိုင်းတွင် လှည်းကူးမြို့နယ် အားကစားကွင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ နှင့်အဖွဲ့ဝင်များ၊ စာရေးဆရာများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လှည်းကူးမြို့နယ် စာရေးဆရာများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် (ဆန်၊ ဆီ၊ ဆား၊ ပဲ)ရိက္ခာအမယ် ၄ မျိုးနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွန့် က လက်ခံရယူသည်။

ထိုသို့ပေးအပ်ရာတွင် စာရေးဆရာတစ်ဦးလျှင် ရိက္ခာအမယ် ၄ မျိုးဖြစ်သည့် ဆန် ၆ ပြည်အိတ် ၁ အိတ်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သားနှင့် အာဟာဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment