Wednesday, July 29, 2020

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Dental Chair တစ်စုံ ပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Dental Chair တစ်စုံ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် Dental Chair တစ်စုံပေးအပ်လှူဒါန်းခြင်းကို ဇူလိုင် ၂၈ ရက်နေ့လယ်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ပြုလုပ်ရာ နယ်မြေခံတပ်မှ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီး မိုးမြင့်နှင့်တာဝန်ရှိသူများ၊ မြို့နယ် ဆရာဝန်ကြီးဒေါက်တာ သန့်ဇင် နှင့်ဆရာဝန်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။ ထို့နောက် နယ်မြေခံတပ်မှ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီး မိုးမြင့်က တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် Dental Chair တစ်စုံကို ပေးအပ် လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်နှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment