ဗန်းမော်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ရှိ တိမ်ကြားမင်းခေါင်ခန်းမ၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့်အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေနှင့်စားသောက် ဖွယ်ရာများ၊ သုတ၊ရသစာအုပ်စာစောင် များကို ပေးအပ်သည်။
ထို့ပြင် နယ်မြေခံဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်စုစုပေါင်း ၁၀၂ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment