Wednesday, July 22, 2020

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ပညာသင် စရိတ် ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၂


၂၀၂၀- ၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်းများမှ တပ်မတော်သား မိသားစုဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများ အား စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၀- ၂၀၂၁ ပညာသင် နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တပ်မတော်သားမိသားစုဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူ ၇၇၀ ဦးအတွက် ငွေကျပ် ၄၅ သိန်းကျော်တန်ဖိုးရှိ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ၊ ပညာသင် စရိတ်ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment