ကျောက်တံခါးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ် ခဲ့ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၂၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင် ၂၆ ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် မြို့ချောင်းကျေးရွာ၊ ဂွေးကုန်း၊ ဆည်ဆုံကုန်းကျေးရွာ၊ ကင်းရွာနှင့် ဝိုင်းကြီးကျေးရွာများရှိ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများနှင့် အခြေခံ ပညာကျောင်းများ အမိုးလန်ပျက်စီး ခြင်းနှင့် သစ်ပင် သစ်ကိုင်းများကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ နေရာများသို့ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ညောင်လေးပင်တပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ အမိုးလန်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ အမိုးလန်သွပ် များ ဆယ်တင်ပေးခြင်း၊ နေအိမ်များပေါ်သို့ ကျိုးကျနေသည့်သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း နှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းများကို ကူညီဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment