COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၄

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ ဥယျာဉ်ခြံကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရတနာဗောဓိကျောင်းတိုက်နှင့် အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အောက်ရွာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ဓမ္မာရုံကျောင်းတိုက်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၊ ဗောဓိတောရကျောင်း တိုက်၊ မင်းကျောင်းတိုက်၊ ညောင်ပင်သာကျေးရွာ၊ သက်တော်ရကျောင်းတိုက်၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ၊ သဒ္ဓမ္မဝေပုလကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ပြည်လုံး ချမ်းသာဘုန်းတော်ကြီးကျောင်းနှင့် ရွှေကျင်မြို့၊ ညောင်ဝိုင်းတရုတ်တန်းရပ်ကွက်၊ မဏိကာရုံ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊ တောင်ကြီးမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက် ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment