Monday, July 27, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း၊ အဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ဆေးရုံသုံးပစ္စည်း များ လှူဒါန်း၊ အဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၇


ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ် ကုသရေးများတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက် အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းပြည်သူ့ဆေးရုံသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရပြည့်ဝ ရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုနှင့် သီပေါတို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ဆီဆိုင်မြို့၊ ကျိုင်းတောင်းမြို့နှင့် လင်းခေးမြို့တို့ရှိပြည်သူ့ ဆေးရုံ များ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မြို့နယ်ပြည့်သူ့ ဆေးရုံကြီး၊ ရွှေပြည်သာမြို့နယ်ပြည်သူ့ဆေးရုံ၊ ထန်းတပင်မြို့နယ်၊ အလိန်လည်တိုက်နယ်ဆေးရုံ၊ တိုက်ကြီး မြို့နယ်၊ တော်လတီတိုက်နယ်ဆေးရုံ၊ လှည်းကူးမြို့နယ်နှင့် သုံးခွမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ဒလမြို့နယ်၊ ပျော်ဘွယ်ကြီး စံပြကျေးရွာတိုက်နယ်ဆေးရုံ၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ကွင်းကောက်တိုက်နယ် ဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမျိုးသမီးသားဖွား မီးယပ်နှင့် ကလေးဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ လောင်းရှည်မြို့တိုက်နယ်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့ပြည်သူ့ဆေးရုံ၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ ပဒါန်းတိုက်နယ်ပြည်သူ့ ဆေးရုံနှင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၊ ဆွာမြို့၊ တိုက်နယ်ဆေးရုံနှင့် ဇီးကုန်းမြို့ပြည်သူ့ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲ ခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment