Friday, July 31, 2020

တပ်မတော်သားများနှင့် မိသားစုဝင်များက မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

တပ်မတော်သားများနှင့် မိသားစုဝင်များက မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၃၀


COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်သူ့ဆေးရုံများတွင် သွေးလိုအပ်မှုမရှိစေရေးအတွက် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများနှင့် မိသားစုဝင် စုစုပေါင်း ၆၀ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြပြီး ယခုအကြိမ်သည် ၈ ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ကာ ယခုအကြိမ်အပါအဝင် ၃၁၈ ဦးက စုပေါင်းသွေးလှူဒါန်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment