Thursday, July 23, 2020

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ် ကျေးရွာ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ် ကျေးရွာ၌ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၃


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာတွင် ဇူလိုင် ၂၂ ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် အဆိုပါကျေးရွာ ခုနှစ်အိမ်တန်းရပ်ကွက် အတွင်းမှ လူနေအိမ် ၁၅ လုံး ပြိုကျ ပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ နေရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဘီးလင်းတပ်နယ်မှ တပ်မတော်သားများက ဌာနဆိုင်ရာ အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ညပိုင်းတွင် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၄၃ ဦးတို့ကို နီးစပ်ရာဆွေမျိုးများထံသို့ ပြောင်းရွေ့ နေရာချထားပေးခြင်း၊ နေအိမ်အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင် ဖယ်ရှားရှင်းလင်းခြင်းများ ကူညီဆောင်ရွက်ပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို တပ်နယ် မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment