"ကျေးဇူးမြင်းမိုရ် စစ်တက္ကသိုလ်"
---------------------------------------
ဖလံတောင်ခြေ ၊ ရန်အောင်မြေဝယ်
နေခြည်အလင်း ၊ ငွေရည်နှင်းနှင့်
ရွှေဆင်းငုဝါ ၊ ပိတောက်ဖြာ၍
နီပြာစိန်ပန်း ၊ ချယ်ရီလွှမ်းလျက်
ပန်းမျိုးစုံလင် ၊ သင်းထုံလွင်သော
ထာဝစဉ်နုပျို ၊ ကျောင်းရိပ်ညို။
မာတာမြင်းမိုရ် ၊ စစ်တက္ကသိုလ်။

အဇဋာခွင် ၊ကောင်းကင်ပြင်က
တောင်စဉ်မြင်းမိုရ် ၊ ပမာဆိုသည့်
တက္ကသိုလ်ဝယ်၊ပျိုနုရွယ်၌
ဘယ်ခြေမြေကြွ ၊ ဘယ်-ညာ စ၍
တိကျမှန်ကန် ၊ မိန့်နာခံအောင်
ရည်သန်မျှော်ကိုး ၊ ဖန်ဖန်ပျိုးရင်း
ကျောရိုးမဏ္ဍိုင် ၊ စည်းကမ်းကိုင်လျက်
လျောင်း-ထိုင်-ရပ်-သွား ၊ ဘယ်သို့နားကာ
စားသော် ဘယ်ပုံ ၊ နည်းနာစုံထိ
တွေ့ကြုံနှင့်ယှဉ် လမ်းပြသင်သည်
မိခင်ကောင်းလို သင်ကျောင်းညို။
တစ်သွင်ပုံနှိုင်း ၊ ကျောက်ပွင့်ရိုင်းပင်
ဆစ်ပိုင်းပွတ်တိုက် ၊ သွေးခြစ်လိုက်သော်
ဖိုးထိုက်ရတနာ ၊ ဖြစ်၍လာသို့
" သစ္စာ-သိပ္ပ-သူရ "ရတီ၊ စံချိန်မီသော
ပြည်တန်ကျောက်ကောင်း ၊ ရာထောင်သောင်းကို
နှစ်ထောင်းအားရ ၊ ဤဌာန၌
တောက်ပဝင့်ကြွား ၊ သူမွေးဖွားခဲ့
သားကောင်းကွန်းခို ကျောင်းကျွန်းညို။

...ဤကျောင်းတော်မှ...
ပေါင်းဖော်တသင်း ၊ ခေါင်းမော်ဆင်းချိန်
လှိုင်းပြင်းလေထန် ၊ လောကဓံလည်း
မဖြုံအံခဲ ၊ ရင်ဆိုင်ရဲသည့်
ဇွဲမာန်ဗီဇ ၊ အဝဝနှင့်
ဘဝနေနည်း ၊ အသီးသီးကို
နှီးရင်းအမွေ ပေးလိုက်သည်။
...ဤကျောင်းတော်မှ...
ပေါင်းဖော်ဆွေမျိုး ၊ တပ်ဖြန့်တိုးချိန်
အမျိုးဘာသာ ၊ သာသနာနှင့်
ကာကွယ်ထမ်းရွက် ၊ တိုင်းပြည်တွက်လျှင်
ဝကွက်အပ်နှင်း စွန့်လွှတ်ခြင်းဖြင့်
သွေးချင်းချင်းနီ ၊ တိုက်ဝံ့သည်ဟု
ခိုင်ကျည်ထက်မြ ၊ လက်လက်ထသော
ဝီရဖြိုးမောက် ၊ တန်ခိုးတောက်သည့်
ကျောက်စီသွားထက် ၊ ဓားတစ်လက်ကို
စစ်ထွက်ကိုယ်စီ ပေးလိုက်သည်။
ကောင်းနိမိတ်စုံ ၊ ကျောင်းရိပ်မြုံ၏
ဂုဏ်ရည်သည်ကား ၊ အသွေးသား၌
လှုပ်ရှားသက်ဝင် ၊ နေမြဲပင်တည့်
သွင်သွင်စီးဆင်း ၊ သူ့ရင်တွင်းက
ချစ်ခြင်းမေတ္တာ ၊ စေတနာကြောင့်
ကြယ်လွှာတစ်သင်း ၊ ထည်ဝါခြင်းဖြင့်
ထွန်းလင်းခန့်ထည် ၊ သာခဲ့ပြီတည့်
မြေမဟီသို့ ၊ ကြွေသည်တို့လည်း
မချို့ဂုဏ်ဒြပ် ၊ တဖျပ်ဖျပ်နှင့်
မြင့်မြတ်မော်ကွန်း ၊ ထပ်ညှိထွန်း၍
လေးကျွန်းမြင်းမိုရ် ၊ ဉီးခိုက်ခို။

သြော်...
သားမောင်ကိုယ်စီ ၊ ဘယ်ဝယ်မည်သော
ဘယ်ဆီသောင်ကမ်း ၊ ဘယ်စခန်းမှ
လှမ်းခွင့်မသာ ၊ ပန်းပွင့်ရွာသို့
တစ်ခါတစ်ခေါက် ၊ မလာရောက်လည်း
စိတ်ရောက်နေမည် ၊ အဉ္ဇလီဖြင့်
ကြည်ညိုလွှမ်းခြုံ ၊ ဝမ်းကြာငုံ၌
လွှာမှုန်ထုံကူး ၊ ပွင့်ခဲ့ဖူးသည့်
ကျေးဇူးနန္တ ၊ မှန်သမျှတွက်
ချမ်းမြ-စမ်းလို ၊ နွမ်းသမျှ-လန်းစို
တမ်းတ-လွမ်းပို နေမည်ကို။
ကျေးဇူးမြင်းမိုရ် စစ်တက္ကသိုလ်။
အမိစစ်တက္ကသိုလ်၏ ၆၆နှစ်မြောက်မွေးနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ်....
(ဘယ်ဘဝ ၊ ဘယ်အခြေနေ ၊ ဘယ်နေရာရောက်ရောက် ကျောင်းတော်ကြီးက ငယ်ဘဝကို တမ်းတနေမည် သို့ယုံကြည်လျက်)
Aung Zay
---------------------------------------
ဖလံတောင်ခြေ ၊ ရန်အောင်မြေဝယ်
နေခြည်အလင်း ၊ ငွေရည်နှင်းနှင့်
ရွှေဆင်းငုဝါ ၊ ပိတောက်ဖြာ၍
နီပြာစိန်ပန်း ၊ ချယ်ရီလွှမ်းလျက်
ပန်းမျိုးစုံလင် ၊ သင်းထုံလွင်သော
ထာဝစဉ်နုပျို ၊ ကျောင်းရိပ်ညို။
မာတာမြင်းမိုရ် ၊ စစ်တက္ကသိုလ်။

အဇဋာခွင် ၊ကောင်းကင်ပြင်က
တောင်စဉ်မြင်းမိုရ် ၊ ပမာဆိုသည့်
တက္ကသိုလ်ဝယ်၊ပျိုနုရွယ်၌
ဘယ်ခြေမြေကြွ ၊ ဘယ်-ညာ စ၍
တိကျမှန်ကန် ၊ မိန့်နာခံအောင်
ရည်သန်မျှော်ကိုး ၊ ဖန်ဖန်ပျိုးရင်း
ကျောရိုးမဏ္ဍိုင် ၊ စည်းကမ်းကိုင်လျက်
လျောင်း-ထိုင်-ရပ်-သွား ၊ ဘယ်သို့နားကာ
စားသော် ဘယ်ပုံ ၊ နည်းနာစုံထိ
တွေ့ကြုံနှင့်ယှဉ် လမ်းပြသင်သည်
မိခင်ကောင်းလို သင်ကျောင်းညို။
တစ်သွင်ပုံနှိုင်း ၊ ကျောက်ပွင့်ရိုင်းပင်
ဆစ်ပိုင်းပွတ်တိုက် ၊ သွေးခြစ်လိုက်သော်
ဖိုးထိုက်ရတနာ ၊ ဖြစ်၍လာသို့
" သစ္စာ-သိပ္ပ-သူရ "ရတီ၊ စံချိန်မီသော
ပြည်တန်ကျောက်ကောင်း ၊ ရာထောင်သောင်းကို
နှစ်ထောင်းအားရ ၊ ဤဌာန၌
တောက်ပဝင့်ကြွား ၊ သူမွေးဖွားခဲ့
သားကောင်းကွန်းခို ကျောင်းကျွန်းညို။

...ဤကျောင်းတော်မှ...
ပေါင်းဖော်တသင်း ၊ ခေါင်းမော်ဆင်းချိန်
လှိုင်းပြင်းလေထန် ၊ လောကဓံလည်း
မဖြုံအံခဲ ၊ ရင်ဆိုင်ရဲသည့်
ဇွဲမာန်ဗီဇ ၊ အဝဝနှင့်
ဘဝနေနည်း ၊ အသီးသီးကို
နှီးရင်းအမွေ ပေးလိုက်သည်။
...ဤကျောင်းတော်မှ...
ပေါင်းဖော်ဆွေမျိုး ၊ တပ်ဖြန့်တိုးချိန်
အမျိုးဘာသာ ၊ သာသနာနှင့်
ကာကွယ်ထမ်းရွက် ၊ တိုင်းပြည်တွက်လျှင်
ဝကွက်အပ်နှင်း စွန့်လွှတ်ခြင်းဖြင့်
သွေးချင်းချင်းနီ ၊ တိုက်ဝံ့သည်ဟု
ခိုင်ကျည်ထက်မြ ၊ လက်လက်ထသော
ဝီရဖြိုးမောက် ၊ တန်ခိုးတောက်သည့်
ကျောက်စီသွားထက် ၊ ဓားတစ်လက်ကို
စစ်ထွက်ကိုယ်စီ ပေးလိုက်သည်။
ကောင်းနိမိတ်စုံ ၊ ကျောင်းရိပ်မြုံ၏
ဂုဏ်ရည်သည်ကား ၊ အသွေးသား၌
လှုပ်ရှားသက်ဝင် ၊ နေမြဲပင်တည့်
သွင်သွင်စီးဆင်း ၊ သူ့ရင်တွင်းက
ချစ်ခြင်းမေတ္တာ ၊ စေတနာကြောင့်
ကြယ်လွှာတစ်သင်း ၊ ထည်ဝါခြင်းဖြင့်
ထွန်းလင်းခန့်ထည် ၊ သာခဲ့ပြီတည့်
မြေမဟီသို့ ၊ ကြွေသည်တို့လည်း
မချို့ဂုဏ်ဒြပ် ၊ တဖျပ်ဖျပ်နှင့်
မြင့်မြတ်မော်ကွန်း ၊ ထပ်ညှိထွန်း၍
လေးကျွန်းမြင်းမိုရ် ၊ ဉီးခိုက်ခို။

သြော်...
သားမောင်ကိုယ်စီ ၊ ဘယ်ဝယ်မည်သော
ဘယ်ဆီသောင်ကမ်း ၊ ဘယ်စခန်းမှ
လှမ်းခွင့်မသာ ၊ ပန်းပွင့်ရွာသို့
တစ်ခါတစ်ခေါက် ၊ မလာရောက်လည်း
စိတ်ရောက်နေမည် ၊ အဉ္ဇလီဖြင့်
ကြည်ညိုလွှမ်းခြုံ ၊ ဝမ်းကြာငုံ၌
လွှာမှုန်ထုံကူး ၊ ပွင့်ခဲ့ဖူးသည့်
ကျေးဇူးနန္တ ၊ မှန်သမျှတွက်
ချမ်းမြ-စမ်းလို ၊ နွမ်းသမျှ-လန်းစို
တမ်းတ-လွမ်းပို နေမည်ကို။
ကျေးဇူးမြင်းမိုရ် စစ်တက္ကသိုလ်။
အမိစစ်တက္ကသိုလ်၏ ၆၆နှစ်မြောက်မွေးနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ်....
(ဘယ်ဘဝ ၊ ဘယ်အခြေနေ ၊ ဘယ်နေရာရောက်ရောက် ကျောင်းတော်ကြီးက ငယ်ဘဝကို တမ်းတနေမည် သို့ယုံကြည်လျက်)
Aung Zay
0 comments:
Post a Comment