အမရပူရမြို့နယ်ရှိ ရွှေဂဲရေထိန်းတံခါးမြေသားကျွံကျ၍ တာရိုးကျိုးပေါက်ပြီး ရေနစ်မြုပ်မှုအား ကူညီ ဆောင်ရွက်ပေးခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
နေပြည်တော်၊ ဇူလိုင် - ၂၃

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၉ ရက်တွင် ဧရာဝတီမြစ်ရေမြင့်တက်ပြီး ရေစိမ့်ဝင်၍ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါးမြေသားကျွံကျကာ တာရိုး ကျိုးပေါက်မှုကြောင့် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ သည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင် ကူညီဆောင်ရွက်ပေးခဲ့သော တပ်ဖွဲ့ဝင် များကို ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်ကြီးအောင်ဧည့်ရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် မြဝင်း၊ မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးညွန့်ဝင်းတို့ တက်ရာက် ကြသည်။
ဦးစွာ တိုင်းမှူးက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု လက်ဆောင်များဖြစ်သည့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် SMART ရှပ်အင်္ကျီများ၊ နန်းမြိုင်ကော်ဖီမစ်များ၊ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ကူညီဆောင်ရွက်ပေးခဲ့သော တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးခဲ့သည့် တပ်ဖွဲ့ဝင်များအား အသိအမှတ်ပြု ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment