
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော မိုင်းများပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူများဒဏ်ရာရရှိ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာနေ မောင်စိုးမိုးသူ(ဘ) ဦးသန်းထွန်းအပါအဝင် အမျိုးသားငါးဦးသည် အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီ ခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ပြောင်းခင်းနေရာ၌ ချုံနွယ်များရှင်းလင်းစဉ် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲ၍ ၎င်းတို့ငါးဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
မိုင်းထိလူနာများသည် ရွှေကူပြည်သူ့ ဆေးရုံမှတစ်ဆင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနေ ဦးထွယ်အောင်နှင့်ဇနီးဖြစ်သူ ဒေါ်ဘောက်မိုင်တို့သည် မွန်းတည့် ၁၂ နာရီခန့် တွင် ခြံစိုက်ရန်အတွက် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျေးရွာ၏အနောက်မြောက် ဘက် ၁၃ မိုင်ခန့်အကွာရှိ ဗန်းမော်-မံစီနမ့်ခမ်း ကားလမ်းဘေးသို့အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသောနင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ဦးထွယ်အောင်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ရာ နမ့်ခမ်းပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment