Saturday, October 13, 2018

ေဘာလခဲၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေဘာလခဲၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၃

ကယားျပည္နယ္၊ ေဘာလခဲၿမိဳ႕နယ္၊ နန္းဟူကုန္းေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားမွ ေဒသခံ ျပည္သူမ်ားအား ေအာက္တိုဘာ ၁၂ ရက္တြင္ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၇၈ ဦးတို႔ကိုနား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေရျပားေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္ေသာ ေဒသခံျပည္သူမ်ားအား ေဘာလခဲၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဘောလခဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၃

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဟူကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား အောက်တိုဘာ ၁၂ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၇၈ ဦးတို့ကိုနား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော ဒေသခံပြည်သူများအား ဘောလခဲမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment