Saturday, October 13, 2018

ေလေဘးသင့္ေဒသရွိ အပ်က္အစီးမ်ားအား ဖယ္ရွားရွင္းလင္း၊ ထိခိုက္ဒဏ္ရာရွိသူမ်ားအား ေဆး၀ါးကုသေပးျခင္းမ်ား ေဆာင္ရြက္


ေလေဘးသင့္ေဒသရွိ အပ်က္အစီးမ်ားအား ဖယ္ရွားရွင္းလင္း၊ ထိခိုက္ဒဏ္ရာရွိသူမ်ားအား ေဆး၀ါးကုသေပးျခင္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၃

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕၊ ေက်ာက္တာေက်းရြာတြင္ ယေန႔ေန႔လယ္ပိုင္း၌ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေက်းရြာအတြင္းရွိ လူေနအိမ္ ၁၄ လံုးႏွင့္ စာသင္ေက်ာင္း ပ်က္စီးခဲ့ရာ စစ္ကိုင္းတပ္နယ္မွ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔၀င္မ်ားႏွင့္ ဌာနဆိုင္ရာ၀န္ထမ္းမ်ားက အပ်က္အစီးမ်ားႏွင့္ လဲက်ေနေသာ သစ္ပင္မ်ားအား ဖယ္ရွားရွင္းလင္းေပးျခင္းႏွင့္ စာသင္ေက်ာင္းအတြင္း သန္႔ရွင္းေရးလုပ္ငန္းမ်ား စုေပါင္းေဆာင္ရြက္ေပးကာ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအား ေဆး၀ါးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လေဘေးသင့်ဒေသရှိ အပျက်အစီးများအား ဖယ်ရှားရှင်းလင်း၊ ထိခိုက်ဒဏ်ရာရှိသူများအား ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ကျောက်တာကျေးရွာတွင် ယနေ့နေ့လယ်ပိုင်း၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၁၄ လုံးနှင့် စာသင်ကျောင်း ပျက်စီးခဲ့ရာ စစ်ကိုင်းတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အပျက်အစီးများနှင့် လဲကျနေသော သစ်ပင်များအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် စာသင်ကျောင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။



0 comments:

Post a Comment