Saturday, October 13, 2018

က်ဳိင္းေတာင္းၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

က်ဳိင္းေတာင္းၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၃

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ က်ဳိင္းေတာင္းၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားအား ေအာက္တုိဘာ ၁၂ ရက္ နံနက္ပိုင္းတြင္ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖဲြ႕က သာသနာ့ရကၡိတစာသင္တုိက္ဓမၼာ႐ံု၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖဲြ႕က ေဒသခံျပည္သူ ၁၄၆ ဦးတုိ႔ကို နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေရျပားေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ားေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗုိလ္ခ်ဳပ္သန္းလိႈင္ႏွင့္ အဖဲြ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္ေသာ ေဒသခံျပည္သူမ်ားအား ခိုလမ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျိုင်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့ရှိ ဒေသခံပြည်သူများအား အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က သာသနာ့ရက္ခိတစာသင်တိုက်ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၄၆ ဦးတို့ကို နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော ဒေသခံပြည်သူများအား ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment