သာမာန္ စာေခါက္ေလးတစ္ခုပါပဲ
႐ုပ္ရွင္ေတြထဲကလို ေသြးေတြစြန္းမေနဘူး ..
သာမာန္လက္ေရးတစ္ခုပါပဲ
ဝတၳဴဆန္တဲ့စကားလံုးေတြ မပါဘူး..
သာမာန္ အမွာစာေလးတစ္ခုပါပဲ
“ ဒီစာကို နင္ဖတ္ရၿပီဆိုေတာ့ ငါေသၿပီေပါ့
ငါျပန္မလာရင္ သမီးကိုေခၚၿပီး အေမ့အိမ္ျပန္ေတာ့
သမီးႀကီးလာရင္ သူ႔အေဖေက်ာက္တူးရင္း ငွက္မိေသတယ္ ေျပာလိုက္ပါ”
သာမာန္စာေလးတစ္ခုပါပဲ
အလကၤာေတြ ရတုေတြ ကဗ်ာေတြ မပါဘူး…
သာမာန္ဖတ္မိရံုေလးပါပဲ
ရန္သူ႔အေလာင္းဆီက သိမ္းဆည္းရမိစာတစ္ေစာင္ေလးတ စ္ခုသာရယ္…
သာမာန္ေန႔တစ္ရက္ပါပဲ
မီးေလာင္ျပင္နဲ႕ အသားစိမ္းမီးတိုက္တဲ့ အနံ႔ေတြ မြန္ေနရံုကလြဲလို႔…
သာမာန္ေမးခြန္းေလးတစ္ခုပါပဲ
“ကြ်န္ေတာ့့္စာေလး ဘယ္ဆရာႀကီးကို ေပးထားမိပါလိမ့္”…
႐ုပ္ရွင္ေတြထဲကလို ေသြးေတြစြန္းမေနဘူး ..
သာမာန္လက္ေရးတစ္ခုပါပဲ
ဝတၳဴဆန္တဲ့စကားလံုးေတြ မပါဘူး..
သာမာန္ အမွာစာေလးတစ္ခုပါပဲ
“ ဒီစာကို နင္ဖတ္ရၿပီဆိုေတာ့ ငါေသၿပီေပါ့
ငါျပန္မလာရင္ သမီးကိုေခၚၿပီး အေမ့အိမ္ျပန္ေတာ့
သမီးႀကီးလာရင္ သူ႔အေဖေက်ာက္တူးရင္း ငွက္မိေသတယ္ ေျပာလိုက္ပါ”
သာမာန္စာေလးတစ္ခုပါပဲ
အလကၤာေတြ ရတုေတြ ကဗ်ာေတြ မပါဘူး…
သာမာန္ဖတ္မိရံုေလးပါပဲ
ရန္သူ႔အေလာင္းဆီက သိမ္းဆည္းရမိစာတစ္ေစာင္ေလးတ
သာမာန္ေန႔တစ္ရက္ပါပဲ
မီးေလာင္ျပင္နဲ႕ အသားစိမ္းမီးတိုက္တဲ့ အနံ႔ေတြ မြန္ေနရံုကလြဲလို႔…
သာမာန္ေမးခြန္းေလးတစ္ခုပါပဲ
“ကြ်န္ေတာ့့္စာေလး ဘယ္ဆရာႀကီးကို ေပးထားမိပါလိမ့္”…

.
သာမာန် စာခေါက်လေးတစ်ခုပါပဲ
ရုပ်ရှင်တွေထဲကလို သွေးတွေစွန်းမနေဘူး ..
သာမာန်လက်ရေးတစ်ခုပါပဲ
ဝတ္ထူဆန်တဲ့စကားလုံးတွေ မပါဘူး..
သာမာန် အမှာစာလေးတစ်ခုပါပဲ
“ ဒီစာကို နင်ဖတ်ရပြီဆိုတော့ ငါသေပြီပေါ့
ငါပြန်မလာရင် သမီးကိုခေါ်ပြီး အမေ့အိမ်ပြန်တော့
သမီးကြီးလာရင် သူ့အဖေကျောက်တူးရင်း ငှက်မိသေတယ် ပြောလိုက်ပါ”
သာမာန်စာလေးတစ်ခုပါပဲ
အလင်္ကာတွေ ရတုတွေ ကဗျာတွေ မပါဘူး…
သာမာန်ဖတ်မိရုံလေးပါပဲ
ရန်သူ့အလောင်းဆီက သိမ်းဆည်းရမိစာတစ်စောင်လေးတစ်ခုသာရယ်…
သာမာန်နေ့တစ်ရက်ပါပဲ
မီးလောင်ပြင်နဲ့ အသားစိမ်းမီးတိုက်တဲ့ အနံ့တွေ မွန်နေရုံကလွဲလို့…
သာမာန်မေးခွန်းလေးတစ်ခုပါပဲ
“ကျွန်တော့်စာလေး ဘယ်ဆရာကြီးကို ပေးထားမိပါလိမ့်”…
#ကပ္ပတိန်ငှက်ခါး
0 comments:
Post a Comment