ျပည္၌ ေသာင္းက်န္းေနသည့္ ကြၽဲတစ္ေကာင္ကိုတပ္မေတာ္အကူအညီျဖင့္ အေသပစ္ခတ္ဖမ္းဆီး
ျပည္၊ ေအာက္တိုဘာ-၁၀
ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕ နယ္အတြင္း လူမ်ားအားအႏၲရာယ္ ေပးေသာင္းက်န္းေနသည့္ ကြၽဲတစ္ ေကာင္ကို တပ္မေတာ္ အကူအညီ ျဖင့္ အေသပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါကြၽဲ ေသာင္းက်န္းေန မႈကို ျပည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္မေတာ္ သို႔ အေၾကာင္းၾကားခဲ့ၿပီး ျပည္ၿမိဳ႕အေျခစိုက္ ခလရ (၇၅) မွ ေအာက္တို ဘာ ၉ ရက္ညေနပိုင္းက အေသပစ္ခတ္ ဖမ္းဆီးခဲ့သည္။
''ကြၽဲက လယ္ယာသုံးခုိင္းကြၽဲ တစ္ေကာင္ပါပဲ။
ဒါေပမယ့္ ႐ိုင္းၿပီး ေသာင္းက်န္းတာ ကြ်ဲဆိုးတစ္ေကာင္လို ျဖစ္သြားတာေၾကာင့္ ထပ္မံအႏၱရာယ္ျပဳမွာ စိုးရိမ္ရတဲ့အတြက္
အတြက္ ပစ္ခတ္ဖမ္းဆီးလိုက္ရတယ္လို႔ သိရတယ္'' ဟု ျပည္ၿမိဳ႕ ေဒသခံ ဦးသန္းဦးက ေျပာဆိုသည္။
ဒါေပမယ့္ ႐ိုင္းၿပီး ေသာင္းက်န္းတာ ကြ်ဲဆိုးတစ္ေကာင္လို ျဖစ္သြားတာေၾကာင့္ ထပ္မံအႏၱရာယ္ျပဳမွာ စိုးရိမ္ရတဲ့အတြက္
အတြက္ ပစ္ခတ္ဖမ္းဆီးလိုက္ရတယ္လို႔ သိရတယ္'' ဟု ျပည္ၿမိဳ႕ ေဒသခံ ဦးသန္းဦးက ေျပာဆိုသည္။
အဆိုပါ ကြၽဲမွာ ေအာက္တိုဘာ ၅ ရက္က ျပည္ၿမိဳ႕နယ္ သူေဌးေက်းရြာေဒသခံတစ္ဦးက၀ယ္လာရာ ရြာအ၀င္လမ္းတြင္ ကားေပၚမွအခ် ထြက္ေျပးသြားခဲ့ၿပီးေနာက္ ေဘးပတ္၀န္းက်င္ရွိ ေတြ႕ရာလူမ်ားကို လိုက္ခတ္ အႏၲရာယ္ေပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေသာင္းက်န္းကာ ကြၽဲခတ္ခံရမႈေၾကာင့္ အမ်ဳိးသားႏွစ္ဦးႏွင့္ အမ်ဳိးသမီးတစ္ဦး ေဆး႐ုံတင္လိုက္ရၿပီး ဆိုင္ကယ္ေလးစီးႏွင့္ စက္ဘီးတစ္စီး ထိခိုက္ပ်က္စီးခဲ့ရေၾကာင္းလည္း သိရသည္။
ထိုကြ်ဲမွာ ထြက္ေျပးလြတ္ေျမာက္ေသာင္းက်န္းေနၿပီး ေရာက္တက္ရာရာ သြားလာလ်က္ရိွရာ ငါးရက္အၾကာ ေအာက္တုိဘာ ၉ ရက္တြင္ မုေဌာေက်းရြာအုပ္စု
လူႀကီးကုန္းေက်းရြာသို႔ ေရာက္ရွိေနစဥ္ အေသပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
လူႀကီးကုန္းေက်းရြာသို႔ ေရာက္ရွိေနစဥ္ အေသပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
''ကြၽဲက သစ္ငုတ္မွာ သ႔ူႀကိဳးနဲ႔ သူျပန္ၿငိေနတာ ႐ုန္းမရေတာ့ဘူး။ေနာက္ဆုံးသူ႔ကို ႐ိုင္ဖယ္နဲ႔ေလးခ်က္ အေသပစ္လိုက္တာ''ဟုမ်က္ျမင္ေတြ႔ခဲ့သူ ကိုသန္းထိုက္က
ေျပာဆိုသည္။
ေျပာဆိုသည္။
အဆိုပါ ကြၽဲေသကုိ ေက်းရြာလူႀကီးမ်ားေရွ႕ေမွာက္တြင္ သက္ေသမ်ားႏွင့္တကြ ပိုင္ရွင္ထံ ျပန္လည္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
သတင္း၊ဓာတ္ပုံ - သီဟလြင္(ျမစ္မခ)

ပြည်၌ သောင်းကျန်းနေသည့် ကျွဲတစ်ကောင်ကိုတပ်မတော်အကူအညီဖြင့် အသေပစ်ခတ်ဖမ်းဆီး
ပြည်၊ အောက်တိုဘာ-၁၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်အတွင်း လူများအားအန္တရာယ် ပေးသောင်းကျန်းနေသည့် ကျွဲတစ် ကောင်ကို တပ်မတော် အကူအညီ ဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျွဲ သောင်းကျန်းနေ မှုကို ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်မတော် သို့ အကြောင်းကြားခဲ့ပြီး ပြည်မြို့အခြေစိုက် ခလရ (၇၅) မှ အောက်တို ဘာ ၉ ရက်ညနေပိုင်းက အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။
''ကျွဲက လယ်ယာသုံးခိုင်းကျွဲ တစ်ကောင်ပါပဲ။
ဒါပေမယ့် ရိုင်းပြီး သောင်းကျန်းတာ ကျွဲဆိုးတစ်ကောင်လို ဖြစ်သွားတာကြောင့် ထပ်မံအန္တရာယ်ပြုမှာ စိုးရိမ်ရတဲ့အတွက်
အတွက် ပစ်ခတ်ဖမ်းဆီးလိုက်ရတယ်လို့ သိရတယ်'' ဟု ပြည်မြို့ ဒေသခံ ဦးသန်းဦးက ပြောဆိုသည်။
အဆိုပါ ကျွဲမှာ အောက်တိုဘာ ၅ ရက်က ပြည်မြို့နယ် သူဌေးကျေးရွာဒေသခံတစ်ဦးကဝယ်လာရာ ရွာအဝင်လမ်းတွင် ကားပေါ်မှအချ ထွက်ပြေးသွားခဲ့ပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ တွေ့ရာလူများကို လိုက်ခတ် အန္တရာယ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့သောင်းကျန်းကာ ကျွဲခတ်ခံရမှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဆေးရုံတင်လိုက်ရပြီး ဆိုင်ကယ်လေးစီးနှင့် စက်ဘီးတစ်စီး ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။
ထိုကျွဲမှာ ထွက်ပြေးလွတ်မြောက်သောင်းကျန်းနေပြီး ရောက်တက်ရာရာ သွားလာလျက်ရှိရာ ငါးရက်အကြာ အောက်တိုဘာ ၉ ရက်တွင် မုဌောကျေးရွာအုပ်စု
လူကြီးကုန်းကျေးရွာသို့ ရောက်ရှိနေစဉ် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
''ကျွဲက သစ်ငုတ်မှာ သ့ူကြိုးနဲ့ သူပြန်ငြိနေတာ ရုန်းမရတော့ဘူး။နောက်ဆုံးသူ့ကို ရိုင်ဖယ်နဲ့လေးချက် အသေပစ်လိုက်တာ''ဟုမျက်မြင်တွေ့ခဲ့သူ ကိုသန်းထိုက်က
ပြောဆိုသည်။
အဆိုပါ ကျွဲသေကို ကျေးရွာလူကြီးများရှေ့မှောက်တွင် သက်သေများနှင့်တကွ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ - သီဟလွင်(မြစ်မခ)
0 comments:
Post a Comment