Wednesday, October 31, 2018

မုိးရာသီစခန္းခ် ေလ့က်င့္ေရးသင္တန္း တက္ေရာက္ခဲ့ၾကသည့္ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရး တပ္ဖြဲ႕၀င္မ်ား၏ စကားသံမ်ား

ေန႐ိႈင္းကုိကုိ(ဒုတိယႏွစ္- ေရဆင္းစုိက္ပ်ဳိးေရး တကၠသိုလ္)

ကြၽန္ေတာ္တုိ႔ ေရဆင္းစုိက္ပ်ဳိးေရး တကၠသိုလ္က အခုမွ ဒီသင္တန္းကုိ တက္ေရာက္ခြင့္ရရွိတာပါ။ တက္ခ်င္ေနတာေတာ့ ၾကာပါၿပီ။ ရွမ္းျပည္နယ္(ေတာင္ပုိင္း) ရပ္ ေစာက္မွာေနပါတယ္။ အဓိက တက္ေရာက္ျဖစ္တာကေတာ့ ႏိုင္ငံေတာ္ကို ကာကြယ္ေနတဲ့ စစ္သားေတြကုိ ေလးစားအားက်လုိ႔ပါ။ ဒီသင္တန္းက သင္ၾကားေပးတဲ့ သင္ခန္းစာေတြက တစ္ဦးခ်င္းတစ္ေယာက္ခ်င္းလည္း လုပ္ႏိုင္တယ္။ အဖြဲ႕လိုက္လည္း စုေပါင္း လုပ္ကိုင္လိုတဲ့ အက်င့္ေတြ၊ စိတ္ဓာတ္ေတြလည္း ရလာမယ္။ အခ်ိန္ကို ဘယ္လိုအက်ိဳးရွိရွိနဲ႔ အသံုးခ်တတ္လာမယ္။ အေတြ႕အႀကံဳေတြ၊ အေပါင္းအေဖာ္ေတြလည္း တိုးပြားလာမယ္။ အခုဆုိ ကိုယ့္ကိုယ္ကိုယ္လည္း အမ်ားႀကီး ယံုၾကည္မႈေတြ ရွိလာပါတယ္။ ဒီသင္တန္းမွာဆို ရာထူးအလိုက္လည္း လစာေငြေတြကို ခ်ီးျမႇင့္ေပးပါတယ္။ တကၠသုိလ္ေလ့က်င့္ေရး သင္တန္းဆုိတာ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြသာ တက္ေရာက္သင္ၾကားႏိုင္တဲ့ အခြင့္အေရး တစ္ရပ္ျဖစ္တဲ့အတြက္ ဒီအခြင့္အေရးကုိ လက္လႊတ္မခံဘဲ အမိအရဖမ္းဆုပ္ၿပီး ႏိုင္ငံေတာ္ႏွင့္ ျပည္သူေတြအတြက္ တစ္ခ်ိန္ခ်ိန္မွာ လုိအပ္လာခဲ့လွ်င္ ကာကြယ္ႏိုင္ေအာင္ စစ္ပညာေတြ သင္ၾကားၾကဖုိ႔ ကြၽန္ေတာ့္အေနနဲ႔ ဖိတ္ေခၚပါတယ္။



နေရှိုင်းကိုကို(ဒုတိယနှစ်- ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်)


ကျွန်တော်တို့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်က အခုမှ ဒီသင်တန်းကို တက်ရောက်ခွင့်ရရှိတာပါ။ တက်ချင်နေတာတော့ ကြာပါပြီ။ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ် စောက်မှာနေပါတယ်။ အဓိက တက်ရောက်ဖြစ်တာကတော့ နိုင်ငံတော်ကို ကာကွယ်နေတဲ့ စစ်သားတွေကို လေးစားအားကျလို့ပါ။ ဒီသင်တန်းက သင်ကြားပေးတဲ့ သင်ခန်းစာတွေက တစ်ဦးချင်းတစ်ယောက်ချင်းလည်း လုပ်နိုင်တယ်။ အဖွဲ့လိုက်လည်း စုပေါင်း လုပ်ကိုင်လိုတဲ့ အကျင့်တွေ၊ စိတ်ဓာတ်တွေလည်း ရလာမယ်။ အချိန်ကို ဘယ်လိုအကျိုးရှိရှိနဲ့ အသုံးချတတ်လာမယ်။ အတွေ့အကြုံတွေ၊ အပေါင်းအဖော်တွေလည်း တိုးပွားလာမယ်။ အခုဆို ကိုယ့်ကိုယ်ကိုယ်လည်း အများကြီး ယုံကြည်မှုတွေ ရှိလာပါတယ်။ ဒီသင်တန်းမှာဆို ရာထူးအလိုက်လည်း လစာငွေတွေကို ချီးမြှင့်ပေးပါတယ်။ တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းဆိုတာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေသာ တက်ရောက်သင်ကြားနိုင်တဲ့ အခွင့်အရေး တစ်ရပ်ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရဖမ်းဆုပ်ပြီး နိုင်ငံတော်နှင့် ပြည်သူတွေအတွက် တစ်ချိန်ချိန်မှာ လိုအပ်လာခဲ့လျှင် ကာကွယ်နိုင်အောင် စစ်ပညာတွေ သင်ကြားကြဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။

0 comments:

Post a Comment