Friday, October 5, 2018

သိပ္မၾကာေတာ႔ပါဘူး တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ေပါ႔.

တစ္ခါတစ္ေလ ကြ်န္မရဲ႕ အတၱဆန္မႈေတြေၾကာင့္ 
နားလည္ေပးနိုင္စြမ္းမရွိတဲ႔သူ တစ္ဦးျဖစ္ခဲ႔ရပါတယ္..... 


တစ္ခါတစ္ေလ ကြ်န္မရဲ႕ စိတ္ဆႏၵေတြေၾကာင့္
တာဝန္ေတြနဲ႔ မအားလပ္တဲ႔ခ်စ္သူကို ဖိအားေပးသလို ျဖစ္ခဲ႔ရပါတယ္..... 

အရင္လို အားမက်တတ္ေတာ႔ပါဘူး
ကိုယ့္ေရွ႕ျဖတ္ေလွ်ာက္သြားတဲ႔ စံုတြဲေတြျမင္တိုင္း..... 

အရင္လို အားမငယ္တတ္ေတာ႔ပါဘူး
ကိုယ့္ကိုကိုယ္ေတာင္ မပိုင္တဲ႔ခ်စ္သူကို
နားလည္မႈနဲ႔ ေနွာင္ဖြဲ႕လြမ္းမ်က္ရည္စို႔မိတိုင္း...... 

Couple shirtsေတြဟာလည္း
ကြ်န္မနဲ႔ မသက္ဆိုင္သလိုပါပဲ..... 

ပန္းျခံထဲက ခံုတန္းေလးေတြဟာလည္း
ကြ်န္မအတြက္ စိမ္းကားေနသလိုပါပဲ.... 

သူ႕အတြက္ သီးသန္႔ ph ringtoneသံေလးကလည္း
တစ္ရက္ျခားလား နွစ္ရက္ျခားလား
သိပ္မေသခ်ာဘူး..... 

သူနဲ႔ေတြ႕ရဖို႔အခိုက္အတန္႔ေလးကလည္း
သိပ္မၾကာေတာ႔ပါဘူးတဲ႔
နွစ္ေပါက္ေနပါျပီ....
မေျပာရက္ေတာ႔ပါဘူး.... 

ဆႏၵနဲ႔ဘဝထပ္တူမက်တဲ႔ ခ်စ္သူကို
အျမန္ဆံုးလာဖို႔လည္း မပူဆာရက္ေတာ႔ဘူး... 

မၾကည့္ရက္ေတာ႔ပါဘူး...
ေရွ႕တန္းတစ္ေနရာမွာ ျဖစ္သလိုစားေနရတဲ႔ သူ႔ကို
ဟင္းေကာင္းထမင္းေကာင္းေတြအေၾကာင္း
မၾကြားရက္ေတာ႔ဘူး.... 

ေနာင္လာမယ့္ ျပကၡဒိန္ေတြထဲမွာ
ကြ်န္မအတြက္ ေမွ်ာ္လင့္ေနရတဲ႔ ေန႔ေလးေတြရွိတယ္
အလြမ္းေတြရပ္တန္႔ခြင့္ရတဲ႔ေန႔ေလး...... 

သိပ္မၾကာေတာ႔ပါဘူး
တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ေပါ႔.......

#မ​ေဟသီ

Image may contain: 1 person, dog

တစ်ခါတစ်လေ ကျွန်မရဲ့ အတ္တဆန်မှုတွေကြောင့် 
နားလည်ပေးနိုင်စွမ်းမရှိတဲ့သူ တစ်ဦးဖြစ်ခဲ့ရပါတယ်..... 

တစ်ခါတစ်လေ ကျွန်မရဲ့ စိတ်ဆန္ဒတွေကြောင့် 
တာဝန်တွေနဲ့ မအားလပ်တဲ့ချစ်သူကို ဖိအားပေးသလို ဖြစ်ခဲ့ရပါတယ်..... 

အရင်လို အားမကျတတ်တော့ပါဘူး 
ကိုယ့်ရှေ့ဖြတ်လျှောက်သွားတဲ့ စုံတွဲတွေမြင်တိုင်း..... 

အရင်လို အားမငယ်တတ်တော့ပါဘူး 
ကိုယ့်ကိုကိုယ်တောင် မပိုင်တဲ့ချစ်သူကို 
နားလည်မှုနဲ့ နှောင်ဖွဲ့လွမ်းမျက်ရည်စို့မိတိုင်း...... 

Couple shirtsတွေဟာလည်း 
ကျွန်မနဲ့ မသက်ဆိုင်သလိုပါပဲ..... 

ပန်းခြံထဲက ခုံတန်းလေးတွေဟာလည်း 
ကျွန်မအတွက် စိမ်းကားနေသလိုပါပဲ.... 

သူ့အတွက် သီးသန့် ph ringtoneသံလေးကလည်း 
တစ်ရက်ခြားလား နှစ်ရက်ခြားလား 
သိပ်မသေချာဘူး..... 

သူနဲ့တွေ့ရဖို့အခိုက်အတန့်လေးကလည်း 
သိပ်မကြာတော့ပါဘူးတဲ့ 
နှစ်ပေါက်နေပါပြီ.... 
မပြောရက်တော့ပါဘူး.... 

ဆန္ဒနဲ့ဘဝထပ်တူမကျတဲ့ ချစ်သူကို 
အမြန်ဆုံးလာဖို့လည်း မပူဆာရက်တော့ဘူး... 

မကြည့်ရက်တော့ပါဘူး... 
ရှေ့တန်းတစ်နေရာမှာ ဖြစ်သလိုစားနေရတဲ့ သူ့ကို 
ဟင်းကောင်းထမင်းကောင်းတွေအကြောင်း 
မကြွားရက်တော့ဘူး.... 

နောင်လာမယ့် ပြက္ခဒိန်တွေထဲမှာ 
ကျွန်မအတွက် မျှော်လင့်နေရတဲ့ နေ့လေးတွေရှိတယ် 
အလွမ်းတွေရပ်တန့်ခွင့်ရတဲ့နေ့လေး...... 

သိပ်မကြာတော့ပါဘူး 
တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့....... 

#မဟေသီ

0 comments:

Post a Comment