Wednesday, October 31, 2018

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႔ ေထာင္ထားသည့္ နင္းမိုင္းတစ္လံုး နင္းမိေပါက္ကြဲၿပီး ေဒသခံျပည္သူ တစ္ဦး ဒဏ္ရာ ရရွိ

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႔ ေထာင္ထားသည့္ နင္းမိုင္းတစ္လံုး နင္းမိေပါက္ကြဲၿပီး ေဒသခံျပည္သူ တစ္ဦး ဒဏ္ရာ ရရွိ

ေနျပည္ေတာ္ ေအာက္တုိဘာ ၃၁

ရခိုင္ျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ရပ္ ေခ်ာင္းဝေက်းရြာေန ဦးေဝွ႔တန္းသည္ ရြာသားေလးဦးႏွင့္အတူ ေအာက္တိုဘာ ၂၉ ရက္ နံနက္ ၁၁ နာရီခန္႔တြင္ ေတာလိုက္ရန္အတြက္ အဆိုပါေက်းရြာမွ ထြက္ခြာလာစဥ္ ေက်းရြာ၏ အေနာက္ေတာင္ဘက္ မီတာ ၄ဝဝဝ ခန္႔ အကြာသို႔အေရာက္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕ေထာင္ထားသည့္ နင္းမိုင္းတစ္လံုးအား လက္ျဖင့္ေထာက္မိ ေပါက္ကြဲၿပီး မုိင္းစထိမွန္ ဒဏ္ရာမ်ား ရရွိခဲ့သည္။

အဆိုပါမုိင္းထိလူနာအား လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ပလက္ဝၿမိဳ႕ ျပည္သူ႔ေဆး႐ံုမွတစ္ဆင့္ စစ္ေတြၿမိဳ႕ ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ ရွိေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲပြီး ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာ ရရှိ

နေပြည်တော် အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရပ် ချောင်းဝကျေးရွာနေ ဦးဝှေ့တန်းသည် ရွာသားလေးဦးနှင့်အတူ အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် တောလိုက်ရန်အတွက် အဆိုပါကျေးရွာမှ ထွက်ခွာလာစဉ် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄ဝဝဝ ခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား လက်ဖြင့်ထောက်မိ ပေါက်ကွဲပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိလူနာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။



0 comments:

Post a Comment