နမ့္ခမ္းၿမိဳ႕ႏွင့္ ပန္စံေက်းရြာ အၾကားရွိ ကားလမ္းေဘး၌ အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မွ ေထာင္ထားေသာ ေဒသႏၲရလက္လုပ္ ရီမုမိုင္းမ်ား ေတြ႕ရွိ
ေနျပည္ေတာ္ ေအာက္တုိဘာ ၃၁
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမ့္ခမ္းၿမိဳ႕ႏွင့္ ပန္စံေက်းရြာအၾကားရွိ ကားလမ္းအနီး မသကၤာဖြယ္ရာ ဝါယာႀကိဳးစမ်ား ေတြ႕ရွိေၾကာင္း သတင္းအရ လံုၿခံဳေရး ေဆာင္ရြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားက ေအာက္တိုဘာ ၃ဝ ရက္ ညေန ၅ နာရီခန္႔တြင္ သြားေရာက္စစ္ေဆးရာ နမ့္ခမ္းၿမိဳ႕မွ ပန္စံေက်းရြာသြား ကားလမ္း ယာဘက္ျခမ္းရွိ ကားလမ္း၏ ၁ ေပခန္႔အကြာ၌ မုိင္းတစ္လံုးႏွင့္တစ္လံုးအား ၁ဝ ေပခန္႔စီ ျခား၍ အခ်င္း ၃ လက္မ၊ အရွည္ ၄ လက္မ ခန္႔ရွိ သံပိုက္ျဖင့္ ျပဳလုပ္ထားေသာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေထာင္ထားသည့္ ေဒသႏၲရ လက္လုပ္ရီမုမိုင္းသံုးလံုး၊ ဒီတိုေနတာသုံးခု၊ ဆားကစ္အိမ္တစ္ခု၊ ၁၂ ဗို႔ ဘက္ထရီတစ္လံုးႏွင့္ ဝါယာႀကိဳး ေပ ၃ဝ ခန္႔တုိ႔ကို တြဲလ်က္ အေနအထားျဖင့္ ေတြ႕ရွိခဲ့သည္။
အဆိုပါ ေဒသႏၲရလက္လုပ္ ရီမုမိုင္းမ်ားအား ေဒသခံျပည္သူမ်ားႏွင့္ ခရီးသြားျပည္သူမ်ား အႏၲရာယ္ကင္းေဝးေရးအတြက္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက ညေန ၅ နာရီ ၁၅ မိနစ္တြင္ သက္မဲ့ျပဳလုပ္ႏိုင္ခဲ့ၿပီး ၎ေနရာတစ္ဝိုက္အား လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက အေသးစိတ္ ထပ္မံရွင္းလင္းျခင္းမ်ား ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။
(Unicode Version)

နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာ အကြားရှိ ကားလမ်းဘေး၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော ဒေသန္တရလက်လုပ် ရီမုမိုင်းများ တွေ့ရှိ
နေပြည်တော် အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာအကြားရှိ ကားလမ်းအနီး မသင်္ကာဖွယ်ရာ ဝါယာကြိုးစများ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၃ဝ ရက် ညနေ ၅ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ နမ့်ခမ်းမြို့မှ ပန်စံကျေးရွာသွား ကားလမ်း ယာဘက်ခြမ်းရှိ ကားလမ်း၏ ၁ ပေခန့်အကွာ၌ မိုင်းတစ်လုံးနှင့်တစ်လုံးအား ၁ဝ ပေခန့်စီ ခြား၍ အချင်း ၃ လက်မ၊ အရှည် ၄ လက်မ ခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်းသုံးလုံး၊ ဒီတိုနေတာသုံးခု၊ ဆားကစ်အိမ်တစ်ခု၊ ၁၂ ဗို့ ဘက်ထရီတစ်လုံးနှင့် ဝါယာကြိုး ပေ ၃ဝ ခန့်တို့ကို တွဲလျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်။
အဆိုပါ ဒေသန္တရလက်လုပ် ရီမုမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းဝေးရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ညနေ ၅ နာရီ ၁၅ မိနစ်တွင် သက်မဲ့ပြုလုပ်နိုင်ခဲ့ပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ် ထပ်မံရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment