Thursday, November 8, 2018
၈-၁၁-၂၀၁၈
စိုင်းပန်
Image may contain: one or more people and ring
ကျောက်မဲမြို့နယ်တွင် SSPP/SSA အဖွဲ့မှ ရွာအတွင်းသို့ ပစ်ခတ်ခဲ့သည့် လက်ပစ်ဗုံး တစ်လုံးတွေ့ရှိ
၈-၁၁-၂၀၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ် ၊ ရပ်ကွက် (၉) ၊တောင်နောက်ကျေးရွာ လယ်တော တစ်ခုတွင် SSPP/SSA အဖွဲ့ သုံးသည့် ရွာအတွင်း သို့ ပစ်ခတ်ခဲ့သော လက် ပစ်ဗုံး တစ်လုံး အား ဒေသခံတစ်ဦးမှ တွေ့ရှိခဲ့ကြောင်း သတင်းကြားသိရသည်။ တောင် နောက် ကျေးရွာနေ ဒေသခံတစ်ဦးမှ “ ကျွန်တော်တို့ ရွာအဝင် လယ်တောနားကနေ လက်ပစ်ဗုံး တစ်လုံးတွေ့တာပါ ၊ သုံးတာတော့ SSPP/SSA ကလို့ ပြောနေကြတယ် ၊ ရွာထဲ ကို ဘာရည်ရွယ်ချက်နဲ့ပစ်ဖို့ ကြံလည်းတော့ မသိဘူး ၊ အခုကလဲ သူတို့ လုပ်ဖို့ ပြင်နေရင်း က ထွက်ပြေးသွားတဲ့ ပုံစံပဲ”လို့ ပြောဆိုခဲ့ပါသည်။ ပွင့်လင်းရာသီ သို့ ရောက်ရှိ လာပြီး ဖြစ်သည့် နှင့် အညီ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များအနေဖြင့် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်လာနိုင်သည် ဖြစ်ရာ ဒေသခံများ သတိထား သွားလာကြရန် လိုအပ်ကြောင်း အသိပေးနိူးဆော်အပ်ပါသည်။
စိုင်းပန်
No automatic alt text available.
0 comments:
Post a Comment