တယ္လီဖုန္းတုိင္ အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္း ေဆာင္ရြက္ေနသည့္ ကုမၸဏီဝန္ထမ္း ၃ ဦးအား RCSS/SSA အဖဲြ႕က ဖမ္းဆီးေခၚေဆာင္၍ ဆက္ေၾကး ေကာက္ခံ
ေနျပည္ေတာ္ ႏိုဝင္ဘာ ၁၂
ျမန္မာ့ဆက္သြယ္ေရးႏွင့္ အက်ဳိးတူေဆာင္ရြက္လ်က္ရွိေသာ Huawei Co.,Ltd. ၏ ကုမၸဏီခဲြျဖစ္ေသာ DNS Co.,Ltd. မွကုမၸဏီဝန္ထမ္း ၃ ဦးသည္ SHE 00160 BTS စခန္းတည္ရွိရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မုိင္းပ်ဥ္းၿမိဳ႕နယ္၊ ဆင္ေမာင္းေက်းရြာအနီး၌ ဖုန္းတိုင္အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းမ်ားကို ႏုိဝင္ဘာ ၅ ရက္မွ စတင္ေဆာင္ရြက္လ်က္ရွိ ရာ မြန္းလဲြ ၂ နာရီ ၅၅ မိနစ္ေနာက္ပိုင္းတြင္ ဆက္သြယ္မႈ မရရွိေတာ့သျဖင့္ HuaweiCo.,Ltd.. ၏ ရွမ္းအေရွ႕တာဝန္ခံက စံုစမ္းမႈမ်ား ျပဳလုပ္ခဲ့သည္။
ထုိ႔ေနာက္ ညေန ၆ နာရီ ၅ မိနစ္တြင္ RCSS/SSA အဖဲြ႕မွ အဖဲြ႕ဝင္တစ္ဦးက ဖုန္းနံပါတ္ ဝ၉-၄၉၂၇၅၅ဝ၁ ျဖင့္ ကုမၸဏီတာဝန္ခံဆီသို႔ ဖုန္းေခၚဆုိ၍ ၎ကုမၸဏီဝန္ထမ္း ၃ ဦးျဖစ္ေသာ ဦးျမင့္ေဆြ၊ ဦးဇင္ကိုႏွင့္ ဦးအာေဒးခ်မ္းတုိ႔ကို ဖမ္းဆီးေခၚေဆာင္ထားေၾကာင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ရွိသည့္ တာဝါတုိင္အေရအတြက္အတုိင္း တစ္တုိင္လွ်င္ ၁ဝ သိန္းက်ပ္ႏႈန္းျဖင့္ ေပးေဆာင္ရန္ႏွင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ အဆက္အသြယ္ မျပဳလုပ္ရန္ ေျပာဆုိခဲ့ေၾကာင္း သိရွိရသည္။
အဆုိပါဝန္ထမ္း ၃ ဦးကို ႏုိဝင္ဘာ ၉ ရက္ ည ၇ နာရီ မိနစ္ ၅ဝ တြင္ ပန္ေမာ္-မိုင္ ၂ဝ ေက်းရြာအနီး၌ ျပန္လည္ေစလႊတ္ခဲ့ရာ လံုၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္းႏွင့္ေတြ႕ဆံု၍ ေခၚေဆာင္ၿပီး တပ္မေတာ္သားမ်ားက နယ္ေျမခံတပ္ရင္း၌ လိုအပ္သည့္ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးခဲ့သည္။
၎တုိ႔၏ ေျပာၾကားခ်က္အရ ႏုိဝင္ဘာ ၅ ရက္တြင္ တာဝါတုိင္အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းေဆာင္ရြက္ေနစဥ္ လက္နက္ငယ္ ကိုယ္စီကိုင္ေဆာင္၍ မ်က္ႏွာဖံုးအုပ္ထားသည့္ လူ ၈ ဦးေရာက္ရွိလာၿပီး လက္ျပန္ႀကိဳးတုပ္ ေခၚေဆာင္ သြားေၾကာင္း၊ ညေန ၆ နာရီခန္႔တြင္ လက္နက္ကိုယ္စီျဖင့္ လူ ၄ ဦး ထပ္မံေရာက္ရွိလာၿပီး ၃ နာရီခန္႔အၾကာ လမ္းေလွ်ာက္၍ ေတာင္ေစာင္းတြင္ ညအိပ္ရပ္နားခဲ့ေၾကာင္း၊ ႏုိဝင္ဘာ ၆ ရက္ႏွင့္ ၇ ရက္တြင္ ေတာလမ္းအတုိင္း ဆက္လက္ထြက္ခြာခဲ့ၿပီး မြန္းလဲြ ၁ နာရီခန္႔တြင္ လူ ၁ဝ ဦးႏွင့္ လက္နက္ ၁ဝ လက္ပါဝင္ေသာ အဖဲြ႕အသစ္တစ္ဖဲြ႕က လဲလွယ္ေခၚေဆာင္သြားေၾကာင္း၊ ႏုိဝင္ဘာ ၉ ရက္တြင္ အဖဲြ႕ေခါင္းေဆာင္က ရွမ္းဘာသာစကားျဖင့္ ဖုန္းဆက္ေနသည္ကို ေတြ႕ရွိခဲ့ၿပီး မြန္းလဲြ ၂ နာရီတြင္ မုိင္းပ်ဥ္း-ေတာင္ႀကီးကားလမ္းအနီး၌ ၎တုိ႔ ၃ ဦးအားထုိင္ခိုင္း၍ ႀကိဳးျဖည္ေပးၿပီး တစ္ဦးခ်င္းအား ဓာတ္ပံု႐ိုက္ကာ ျပန္လည္ေစလႊတ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)
တယ်လီဖုန်းတိုင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီဝန်ထမ်း ၃ ဦးအား RCSS/SSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ ဆက်ကြေး ကောက်ခံ
နေပြည်တော် နိုဝင်ဘာ ၁၂
မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူဆောင်ရွက်လျက်ရှိသော Huawei Co.,Ltd. ၏ ကုမ္ပဏီခွဲဖြစ်သော DNS Co.,Ltd. မှကုမ္ပဏီဝန်ထမ်း ၃ ဦးသည် SHE 00160 BTS စခန်းတည်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအနီး၌ ဖုန်းတိုင်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၅ ရက်မှ စတင်ဆောင်ရွက်လျက်ရှိ ရာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်နောက်ပိုင်းတွင် ဆက်သွယ်မှု မရရှိတော့သဖြင့် HuaweiCo.,Ltd.. ၏ ရှမ်းအရှေ့တာဝန်ခံက စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ညနေ ၆ နာရီ ၅ မိနစ်တွင် RCSS/SSA အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဖုန်းနံပါတ် ဝ၉-၄၉၂၇၅၅ဝ၁ ဖြင့် ကုမ္ပဏီတာဝန်ခံဆီသို့ ဖုန်းခေါ်ဆို၍ ၎င်းကုမ္ပဏီဝန်ထမ်း ၃ ဦးဖြစ်သော ဦးမြင့်ဆွေ၊ ဦးဇင်ကိုနှင့် ဦးအာဒေးချမ်းတို့ကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရှိသည့် တာဝါတိုင်အရေအတွက်အတိုင်း တစ်တိုင်လျှင် ၁ဝ သိန်းကျပ်နှုန်းဖြင့် ပေးဆောင်ရန်နှင့် တပ်မတော်စစ်ကြောင်းများနှင့် အဆက်အသွယ် မပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါဝန်ထမ်း ၃ ဦးကို နိုဝင်ဘာ ၉ ရက် ည ၇ နာရီ မိနစ် ၅ဝ တွင် ပန်မော်-မိုင် ၂ဝ ကျေးရွာအနီး၌ ပြန်လည်စေလွှတ်ခဲ့ရာ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့်တွေ့ဆုံ၍ ခေါ်ဆောင်ပြီး တပ်မတော်သားများက နယ်မြေခံတပ်ရင်း၌ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
၎င်းတို့၏ ပြောကြားချက်အရ နိုဝင်ဘာ ၅ ရက်တွင် တာဝါတိုင်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ မျက်နှာဖုံးအုပ်ထားသည့် လူ ၈ ဦးရောက်ရှိလာပြီး လက်ပြန်ကြိုးတုပ် ခေါ်ဆောင် သွားကြောင်း၊ ညနေ ၆ နာရီခန့်တွင် လက်နက်ကိုယ်စီဖြင့် လူ ၄ ဦး ထပ်မံရောက်ရှိလာပြီး ၃ နာရီခန့်အကြာ လမ်းလျှောက်၍ တောင်စောင်းတွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် တောလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် လူ ၁ဝ ဦးနှင့် လက်နက် ၁ဝ လက်ပါဝင်သော အဖွဲ့အသစ်တစ်ဖွဲ့က လဲလှယ်ခေါ်ဆောင်သွားကြောင်း၊ နိုဝင်ဘာ ၉ ရက်တွင် အဖွဲ့ခေါင်းဆောင်က ရှမ်းဘာသာစကားဖြင့် ဖုန်းဆက်နေသည်ကို တွေ့ရှိခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် မိုင်းပျဉ်း-တောင်ကြီးကားလမ်းအနီး၌ ၎င်းတို့ ၃ ဦးအားထိုင်ခိုင်း၍ ကြိုးဖြည်ပေးပြီး တစ်ဦးချင်းအား ဓာတ်ပုံရိုက်ကာ ပြန်လည်စေလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment