Sunday, November 4, 2018

ေဒသႏၲရ၀ါးဆစ္နင္းမိုင္းေဟာင္းတစ္လံုး နင္းမိေပါက္ကြဲ၍ ေဒသခံျပည္သူတစ္ဦးဒဏ္ရာရရွိ

ေဒသႏၲရ၀ါးဆစ္နင္းမိုင္းေဟာင္းတစ္လံုး နင္းမိေပါက္ကြဲ၍ ေဒသခံျပည္သူတစ္ဦးဒဏ္ရာရရွိ

ေနျပည္ေတာ္ ႏို၀င္ဘာ ၄

ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ သေျပၫြန္႔ေက်းရြာ(စံျပ)ရပ္ကြက္ေန ေမာင္ခ်စ္မင္းဦး(ဘ) ဦးမင္းမင္းသည္ ႏုိ၀င္ဘာ ၃ ရက္ မြန္းလဲြ ၂ နာရီခြဲခန္႔တြင္ ေတာထဲသို႔ထင္းခုတ္သြားေရာက္စဥ္ ေက်းရြာ၏အေရွ႕ေျမာက္ဘက္ မီတာ ၇၆၀၀ ခန္႔အကြာသို႔အေရာက္၌ ေဒသႏၲရလက္လုပ္၀ါးဆစ္မုိင္း ေဟာင္းတစ္လံုးနင္းမိေပါက္ကြဲသျဖင့္ ၎တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သည္။

မိုင္းထိလူနာအား ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္ေျမခံတပ္မွ တပ္မေတာ္သားမ်ားက လိုအပ္သည့္ ေဆး၀ါးကုသမႈမ်ားေဆာင္ရြက္ေပးၿပီး အားေပးစကားေျပာၾကားကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ ခဲ့ေၾကာင္းသတင္းရရွိသည္။

(Unicode Version)

ဒေသန္တရဝါးဆစ်နင်းမိုင်းဟောင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦးဒဏ်ရာရရှိ

နေပြည်တော် နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ကျေးရွာ(စံပြ)ရပ်ကွက်နေ မောင်ချစ်မင်းဦး(ဘ) ဦးမင်းမင်းသည် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် တောထဲသို့ထင်းခုတ်သွားရောက်စဉ် ကျေးရွာ၏အရှေ့မြောက်ဘက် မီတာ ၇၆၀၀ ခန့်အကွာသို့အရောက်၌ ဒေသန္တရလက်လုပ်ဝါးဆစ်မိုင်း ဟောင်းတစ်လုံးနင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

မိုင်းထိလူနာအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မှ တပ်မတော်သားများက လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်းသတင်းရရှိသည်။


0 comments:

Post a Comment