Monday, November 5, 2018

လွတ်လပ်ပေမယ့် မလုံခြုံတော့တာကို မခံစားချင်တော့တဲ့ အမေရိကန်


လွတ်လပ်ပေမယ့် မလုံခြုံတော့တာကို မခံစားချင်တော့တဲ့ အမေရိကန်

အမေရိကအလယ်ပိုင်းကနေ မက္ကဆီကိုနဲ့ အမေရိကန်သို့ ရွှေ့ပြောင်းလာတဲ့လူတွေကို ထိန်းချုပ်ဖို့ အတွက် အမေရိကန်သမ္မတထရမ့်က စစ်သားအင်အား ၅၂၀၀ ကျော်ကို စေလွှတ်လိုက်တယ်ဆိုတဲ့ သတင်းက အခုချိန်မှာအရမ်းကို လူစိတ်ဝင်စားဆုံး သတင်းတစ်ခုဖြစ်နေပါတယ်။ ဒီမိုကရေစီမှာ စံပြလို့ထားရတဲ့ နိုင်ငံတစ်ခုဟာ ဘာ့ကြောင့်များ ဒီပြောင်းရွှေ့လူတွေကို ကိုယ့်နိုင်ငံ ထဲဝင်လာခြင်း မရှိစေဖို့ တားမြစ်ချင်ရတာလဲလို့ စဉ်းစားစရာဖြစ်လာသလို၊ အမေရိကန် လူ့အခွင့်အရေးလှုပ်ရှားသူ တွေကလည်း အဆမတန်များပြားလွန်းတဲ့ အင်အားမသုံးသင့်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါတွေ အပြင် သမ္မတထရမ့်ဟာ ဒီရွှေ့ပြောင်းလူတွေဟာ နိုင်ငံလုံခြုံရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းကြောညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ရွှေ့ပြောင်းလူတွေကို အဝင်မခံကြခြင်းရဲ့ရည်ရွယ်ချက်ဟာ နိုင်ငံသူ၊ နိုင်ငံ သားတို့ရဲ့လုံခြုံရေး၊ တိုင်းပြည်လုံခြုံရေးအတွက်အဓိကထားပြီး စဉ်းစားဆုံးဖြတ်ခဲ့ကြခြင်းပဲဖြစ်ပါ တယ်။ သမ္မတထရမ့် မဲနိုင်ခဲ့တဲ့အကြောင်းအရင်း တစ်ခုဟာလည်း ရွှေးကောက်ပွဲကာလမှာ ထရမ့် ဟာ ဒီရွှေ့ပြောင်းလူတွေကို ကန့်သတ်ဖို့အတွက် ကတိပေးခဲ့ပါတယ်။ ဒီရွှေ့ပြောင်းလူတွေရဲ့ ပြဿနာဟာ အမေရိကန် ရင်ဆိုင်နေရတဲ့ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်လို့ မဲပေးသူ ၂၀ ရာခိုင်နှုန်း က ဖြေဆိုထားကြောင်း စစ်တမ်းများအရ သိရပါတယ်။

ဒ့ါအပြင့် စက်တင်ဘာလထဲမှာပဲ အမေရိကန် လုံခြုံရေး အကြံပေး John Bolton က ICC တရားရုံး ဟာ အမေရိကန်ရဲ့အချုပ်အခြာအာဏာကိုခြိမ်းခြောက်နေတယ်၊ ဒါ့ကြောင့် ICC ရဲ့တရားသူကြီးနဲ့ ရှေ့နေတွေကို ပြည်ဝင်ခွင့်ပိတ်မယ်၊ ဘဏ်စာရင်းတွေ ပိတ်မယ်လို့ကြောညာခဲ့ပါသေးတယ်။ ဒီအ ကြောင်းအရာတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့လုံခြုံရေး၊ နိုင်ငံသားတွေရဲ့ လုံခြုံရေး ဘယ်လောက်ထိအရေကြီးတယ်ဆိုတာ အမေရိကန်နိုင်ငံက သက်သေပြနေပါပြီ။ ဒီလိုနိုင်ငံကြီး တစ်ခုကတောင် ရွှေ့ပြောင်းလာသူတွေအပေါ်မှာ နိုင်ငံ့လုံခြုံရေး၊ နိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့လုံခြုံရေး အတွက် ကန့်သတ်လာပြီဆိုရင် ကျွန်တော်တို့နိုင်ငံကရော၊ နိုင်ငံသားမဟုတ်သူတွေကို ကန့်သတ် တားမြစ်ဖို့ မလိုအပ်ပေဘူးလား။

အမေရိကန် နိုင်ငံသားတွေဟာလည်း 9/11 ဆိုတာကြီး နောက်တစ်ခေါက် ထပ်မဖြစ်ချင်ကြတော့ ပါဘူး၊လွတ်လပ်ပေမယ့်လုံခြုံမှုမရှိတဲ့ဘဝကြီးကိုသူတို့မနှစ်မြို့ကြတော့ပါဘူး။ အနာဂါတ်ရဲ့ကလေး ငယ်တွေကို လွတ်လပ်ပြီး လုံခြုံတဲ့ဘဝကို ပေးချင်လာကြတယ်။ တစ်ဆက်တည်း သူတို့နိုင်ငံက သတင်းဌာနတွေရဲ့ အမှုအကျင့်လေးတွေဟာ အတုယူစရာဖြစ်လာပါတယ်။ လူ့အခွင့်အရေးလို့ ပြောနေကြပေမယ့်လည်း သူ့နိုင်ငံအတွက်တော့ ရေငုံနှုတ်ပိတ်နေကြတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံထဲကို ခိုးဝင်ပြဿနာ ဖြစ်နေချိန်မှာ ကျွန်တော်တို့ နိုင်ငံက မီဒီယာသတင်းဌာနတွေက တော့ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ပဲပြန်လည် ထိုးနှက်ခဲ့ကြပါသေးတယ်။ ကိုယ့်နိုင်ငံကို ကာကွယ်တဲ့ အချိန်၊ ကိုယ့်နိုင်ငံသားကို ကာကွယ်ချိန်တွေမှာ လူ့အခွင့်အရေးဆိုတဲ့ ပြဠာန်းချက်ဟာ တစ်အုပ် တစ်အုပ်မျှသာဖြစ်ပါတယ်။ ဒီလိုပါပဲ နိုင်ငံနဲ့လူမျိုးကို ကာကွယ်ဖို့အတွက်ဆိုရင်၊ အဖွဲ့အစည်းတစ် ခုကပဲ၊ အစိုးရကပဲ ကာကွယ်ရမှာမဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်လို့ရတယ်ဆိုတာ အသိပေးရင်း နိုင်ငံတော်ကာကွယ်ရေးမှာ တာဝန်လစ်ဟင်းခဲ့တဲ့ မီဒီယာသတင်းသမားများ နှိုးဆော်အပ်ပါတယ်။

#စည်သူမြင့်



0 comments:

Post a Comment