သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ က်ဳိကၠဆံ ဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီး၌ စုေပါင္းလုပ္အားဒါနျပဳလုပ္
ေနျပည္ေတာ္ ေအာက္တုိဘာ ၁၃
ရန္ကုန္တုိင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆ/ကရပ္ကြက္ရွိ က်ဳိကၠဆံ ဆံေတာ္ရွင္ ေစတီေတာ္ျမတ္ႀကီးပတ္၀န္းက်င္ သန္႔ရွင္းသာယာေရးအတြက္ ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္၊ ရန္ကုန္တပ္နယ္မွတပ္မေတာ္သားမ်ားက စုေပါင္းလုပ္အားဒါနေဆာင္ရြက္ေပးသည္။
ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေစတီေတာ္ျမတ္ႀကီး ပရိ၀ုဏ္အတြင္း/အျပင္ရွိ အမႈိက္မ်ားရွင္းလင္းျခင္း၊ ေရညိႇမ်ားတိုက္ခြၽတ္ေဆးေၾကာျခင္းႏွင့္ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္းျဖင့္ စုေပါင္း လုပ္အားဒါနျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ စုပေါင်းလုပ်အားဒါနပြုလုပ်
နေပြည်တော် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ကရပ်ကွက်ရှိ ကျိုက္ကဆံ ဆံတော်ရှင် စေတီတော်မြတ်ကြီးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှတပ်မတော်သားများက စုပေါင်းလုပ်အားဒါနဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း/အပြင်ရှိ အမှိုက်များရှင်းလင်းခြင်း၊ ရေညှိများတိုက်ချွတ်ဆေးကြောခြင်းနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် စုပေါင်း လုပ်အားဒါနပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment