------------------------------------------------------------------
သည် ။

Fukuryu- ခေါ်ဂျပန်တို့၏အသေခံဖောက်ခွဲရေး ရေငုပ်ဝတ်စုံ
------------------------------------------------------------------
ဂျပန်တို့ဟာ ဒုတိယကမ္ဘာစစ်ကာလက မဟာမိတ်တို့၏စစ်သ
င်္ဘော များကိုမထင်မှတ်သောပြန်လည် ခြေမှုန်းတိုက်ခိုက်ရေးပြု
လုပ်ရန်အတွက်အထူးတပ်ဖွဲ့တခုကိုဖွဲ့စည်းခဲ့ကြပေ သည်။
၎င်း အထူးတပ်ဖွဲ့ဝင်များကို ကာမိကာဇေရေငုပ်သမား (kamikaze frogmen ) ဟုလည်းခေါ်ဆိုစေသည်။
ထိုတပ်ဖွဲ့ဝင်တွေအား အင်္ဂလိပ်လို Crouching Dragon
လို့အမည်ပေးထားပြီး စနစ်တကျပြုလုပ်ထား သောရေငုပ်
ဝတ်စုံများကို ဝတ်ဆင်ကာပင်လယ်ကြမ်းပြင်တွင် လမ်းလျှောက်ပြီး
ရန်သူမဟာမိတ်တို့၏ စစ်သင်္ဘော ဝမ်းဗိုက် အောက်တည့်တည့်
သို့ဝင်ကာမိမိအသင့်ယူဆောင်လာသော ရေအောက်မိုင်းဗုံးများအား
အသေခံပြီးဖောက်ခွဲကာ တိုက်ပွဲဝင်စေခဲ့သည်။
တပ်ဖွဲ့ဝင်များ၏ ဝတ်စုံများပြုလုပ်ရာတွင် ပင်လယ်ကြမ်း
ပြင်အောက်တွင် နစ်မြုပ်နေနိုင်ဖို့အတွက် ရေငုပ်ဝတ်စုံကို ပေါင်
၂၀-ခန့်အလေးချိန်ရှိသောခဲ(သို့)အခြားသောသတ္တုပြားများ
ဖြင့် တွဲချုပ်ထားပေသည်။
ပုံမှန်အားဖြင့် ထိုဝတ်စုံအား ၁၆- ပေ မှ ၂၃-ပေ အနက်ထိသွား
ရောက် နိုင်သည်ဟုဆိုထားပေသည်။ရေအောက်တွင်အသက်ရှူနိုင်
ရန်အတွက် ရေမျက်နှာပြင်ပေါ် သို့ ရေငုပ်ဝတ်စုံနဲ့ ၁၆-ပေအရှည်
ရှိသောဝါးပိုက် သို့မဟုတ် သတ္တုပိုက်တမျိုးဖြင့် ဆက်သွယ် လေရ
နိုင်ရန်ပြုလုပ်ထားပေသည် ။
အဆိုပါရေငုပ်တပ်ဖွဲ့ဝင်များဟာသေခံရေငုပ်တပ်ဖွဲ့တွေနဲ့ အမှန်တ
ကယ် တိုက်ပွဲဝင်ကာတိုက်ခဲ့ခြင်းရှိမရှိ ကိုအတည်မပြုနိုင်ခဲ့ပေ ။
သို့သော်လည်း အမေရိကန် စူးစမ်းရှာဖွေရေး သင်္ဘောတစ်စင်းနဲ့ ကမ်းတက်ရေယာဉ် တချို့ကတော့ သူတို့ရဲ့ ရေယာဉ်တွေကို အသေခံ ဂျပန်ရေငုပ်စစ်သားတွေက တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်ဆီးမှု
များရှိခဲ့ကြောင်း မှတ်တမ်းတချို့မှာမှတ်တမ်းထင်သည်ကို တွေ့ရပေ
သည် ။
0 comments:
Post a Comment