Tuesday, October 2, 2018

တိုက္ႀကီးၿမိဳ႕နယ္၊ ဖက္ဝန္းကုန္း ေက်းရြာအုပ္စုအတြင္းရွိ သံဃာေတာ္မ်ားႏွင္႕ ေဒသခံျပည္သူ မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္


ေနျပည္ေတာ္ ေအာက္တုိဘာ ၂ 

ရန္ကုန္တုုိင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဖက္ဝန္းကုန္းေက်းရြာ အုပ္စုအတြင္းရွိ သံဃာ ေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖဲြ႕က ဖက္ဝန္းကုန္း ေက်းရြာရွိ ေအာင္ဆုပန္ ဘုန္းေတာ္ႀကီးေက်ာင္း ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖဲြ႕က သံဃာေတာ္ႏွစ္ပါးႏွင့္ ေဒသခံ ျပည္သူ ၁၃၂ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ႏွလံုး ေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ ႏွင့္ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိက္ႀကီးတပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးၿပီး ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ ဘဒၵႏၲယမကအား ဖူးေျမာ္ကာ သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

တိုက်ကြီးမြို့နယ်၊ ဖက်ဝန်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖက်ဝန်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ သံဃာ တော်များနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ဖက်ဝန်းကုန်း ကျေးရွာရှိ အောင်ဆုပန် ဘုန်းတော်ကြီးကျောင်း ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံ ပြည်သူ ၁၃၂ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ ဆီးချိုရောဂါ၊ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တယမကအား ဖူးမြော်ကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 




0 comments:

Post a Comment