(Unicode Version)
အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောင်းတော်ကြီးဘုရား၌ စုပေါင်းလုပ်အားဒါနပြုလုပ်
နေပြည်တော် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောင်းတော်ကြီး ဘုရား ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှတပ်မတော်သားများက စုပေါင်းလုပ်အားဒါနဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဘုရားကြီးတောင်ဘက်နှင့် အနောက်ဘက်မုခ်ကြားရှိ ချုံနွယ် ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment