သူတို႔ ခုထိ အမိန္႔ နာခံေနၾကတုန္းပဲ
=====================
ကြ်န္ေတာ္တို႔စစ္တပ္ထဲမွာ တစ္ခါတစ္ေလ ထူးျခားဆန္းျပားတာေတြရွိတယ္
ယံုဖို႔ခက္ခဲနိုင္တဲ့ကိစၥေလ
က်ေတာ္တို႔ စစ္တကၠသိုလ္မွာ ပထမႏွစ္ေတြ ေျပးရတဲ့ ေတာတြင္းမိုင္ရွည္ နယ္ေက်ာ္ေျပးပြဲဆိုတာရွိတယ္
ေနာက္ျပီး အပါတ္စဥ္ရဲ႔ဂုဏ္သိကၡာနဲ ့လည္းဆိုင္တာမို႔ အားလံုးအားသြန္ခြန္စိုက္ေျပ
မိုင္ရွည္ေျပးပြဲဆိုေပမယ့္ တာတိုေျပး သလိုကိုေျပးၾကတာမ်ားတယ္။ ေျပးရင္းနဲ ့မေတာ္တဆေတြလဲျဖစ္တာေပါ့ဗ်ာ
အပါတ္စဥ္တစ္ခ်ိဳ႔မွာေတာ့ ေျပးခ်င္စိတ္ေတြအရမ္းမ်ားျပ
က်ေတာ္ေျပာခ်င္တာဒီေနရာပဲ..
မွတ္ေတာ့မမွတ္မိေတာ့ဘူးဗ် အမွတ္စဥ္ ၄၇ လား ၄၈ လားမသိဘူး ၾကံဳခဲ့တာကို စီနီယာေတြျပန္ေျပာျပတာ။ အဲတုန္းက တပ္ခြဲလိုက္တာလႊတ္တဲ့အခ်ိန္
ဘုရင့္ေနာင္က ဗိုလ္ေလာင္းကတစ္ေယာက္ထဲ ဦးေဆာင္ျပီးေျပးေနတယ္။ သူ႔ေရွ႔မွာလည္းဘယ္သူမွမရွိဘ
ဒီလိုနဲ ့ Check Point လို႔ေခၚတဲ့ ေတာင္ထိပ္ထိသူ႔ကိုဘယ္သူမွမမ
ေျမပံုခန္းေတြထားတဲ့ ဗ်ဴဟာ (၁၀ ) ေဆာင္ လမ္းၾကားကိုျဖတ္ေျပးရတယ္။ ဗ်ဴဟာ (၁၀) ေဆာင္ဆိုတာနာမည္ၾကီး က်ေတာ္နည္းျပျဖစ္ေတာ့ အဲဒီအေဆာင္မွာေနရတာ။ ထားပါေတာ့
အဲဒီေနရာေရာက္ေတာ့ ဗိုလ္ေလာင္းက ပံုမွန္ေျခလွမ္းၾကဲၾကဲနဲ႔ေျ
ဗ်ဴဟာ(၁၀) ေဆာင္ၾကားထဲကေန ဗိုလ္ေလာင္းတစ္ေယာက္ျဖတ္ေျပ
ျဖတ္လမ္းကေနေျပးတယ္ေပါ့။ အဲလိုနဲ ့သူလဲ ေရွ႔ကဗိုလ္ေလာင္းကိုမွီေအာင
"ေဟ့ေကာင္ မင္းဘယ္ကေနေျပးတာလဲ"
"မရွက္ဘူးးလား ဘာလို႔ျဖတ္လမ္းကေျပးတာလဲ"
ေရွ႔ကဗိုလ္ေလာင္းက သူ႕ကိုျပန္ျပီးမ်က္ေထာင့္နီ
ဘာရယ္မဟုတ္ဘူး ေက်ာထဲစိမ့္ကနဲေတာ့ျဖစ္သြား
"ငါ့ကိုဟိတ္ေကာင္ေခၚရေအာင္မ
"ေဟ့ေကာင္မင္း ရူးေၾကာင္မူးေၾကာင္းမလုပ္နဲ
မင္း Honour ရွိရွိ တာလႊတ္ဒိုင္ကိုျပန္သြားပါ "
ဆိုျပီး ေနာက္ကဗိုလ္ေလာင္းကေျပာေတာ့
"ဒီမွာ ညီေလး ငါ နယ္ေက်ာ္ေျပးပြဲကိုေျပးေနတာ
"မင္းငါေမြးရင္ငါ့သားေလာက္ပ
"ဗ်ာာာာာာာာာာာာာာာာာာာာာာာ
ဘုရင့္ေနာင္ကဗိုလ္ေလာင္းလဲ ဗ်ာတစ္ခြန္းပဲေျပာနိုင္တယ္ ဖေနာင့္နဲ ့တင္ပါးတစ္သားတည္းက်ေအာင္ေျ
ေနာက္တစ္ခုကေတာ့ က်ေတာ္ အရာရွိျဖစ္ျပီ ။ က်ေတာ္ဒုဗိုလ္မိခင္တပ္မွာတု
က်ေတာ့္ကို စီက်ဴ ၾကီးတစ္ေယာက္ေျပာျပတာ။
သူတို႔ ကရင္ျပည္နယ္ ေမာ္ဖိုးေက၊ ေ၀ါေလဘက္ထြက္တုန္းကအေၾကာင္း
"က်ေတာ္တို႔ ကလႈပ္ရွားထြက္တာေပါ့ဗိုလ္ၾက
ဗိုက္ေတြကလဲဆာလွျပီ။ နားခ်င္တာမိုးရြာေတာ့နားလို
လမ္းမွာမီးကလဲသံုးမရ မိုးကလဲရြာေတာ့ တစ္ဗိုင္းဗိုင္းနဲ႔ေခ်ာ္လဲ
ဒီလိုနဲ ့ ဗိုလ္ၾကီးရာ S ေကြ႔တစ္ခုေရာက္ေတာ့ ပိြဳင့္က ခလုတ္တိုက္တယ္လို႔ေျပာတယ္။
အဲဒါနဲ ့ဓါတ္မီးအုပ္ထိုးၾကည့္တာ သခ်ီဳင္းတစ္ခုေတြ႔တယ္ဗ်
ခ.လ.ရ ( ) မွ စစ္သည္မ်ား၏ သူရဲေကာင္း ဗိမၼာန္ဆိုျပီး ဇေကာမွာ ေဆးအနီနဲ ့ေရးထားတာ
အဲေနရာက ခ်ံဳခိုမိထားတာ တပ္ခြဲတစ္ခြဲလံုးက်ထားတဲ့ေန
အကုန္လံုးကို ႏွစ္ေယာက္တစ္က်င္း သံုးေယာက္တစ္က်င္းနဲ ့ ဗ်ဴဟာက လာဖို႔ေပးထားတာ
အဲေနရာေရာ္ကေတာ့ ရဲေဘာ္ေတြကလဲ အာေခ်ာင္ၾကတယ္ဗ်
"ဟ ငါတို႔ဘက္က ေကာင္ေတြပဲ "
"မင္းတို႔ပဲေအးခ်မ္းပါတယ္ကြ
"ေယာက္ဖတို႔ေရ ႏွပ္ၾကေဟ့ ေကာင္းတယ္ ေကာင္းတယ္"
ဘာညာနဲ ့ေအာ္ၾကတာေပါ့ဗ်ာ။
ေနာက္ဆံုးတစ္ေယာက္ကေတာ့ ေလွ်ာက္ေအာ္တယ္ဗ် စတာေပါ့ဗ်ာ။
"တပ္ခြဲ..ေရွ႔ၾကည့္"
"တပ္ခြဲ...သတိ"
"ေအးအဲတိုင္းပဲေနေနာ္...တန္
က်ေတာ္ေတာင္ေငါက္လိုက္ေသးတယ
ဒီလိုနဲ ့ည ၂နာရီေလာက္က်ေတာ့ စခန္းကိုေရာက္တယ္ ။ တပ္ခြဲမွဴးကလူစစ္ ေသနတ္စစ္လုပ္၊
ကင္းခ်ျပီး အိပ္ၾကတာေပါ့။ အဲဒီမွာ နံနက္သံုးနာရီေလာက္မွာတပ္ခြ
"ဆရာၾကီး စိုး၀င္း "
"ဆရာၾကီး စိုး၀င္း"
"ေဟ့ေကာင္ေတြ အကုန္တန္းစီစမ္း"
က်ေတာ္တို႔ကဘာမ်ားျဖစ္တာလဲေ
အဲမွာဗိုလ္ၾကီးက ေမးတယ္
"မင္းတို႔ စစ္သခၤ်ိဳင္းမွာ အာေခ်ာင္ခဲ့တာဘယ္ေကာင္လဲ"
က်ေတာ္ေတာင္အံ့ၾသသြားတယ္ ဒီေကာင္ေတြေျပာတုန္းက ဗိုလ္ၾကီးမသိပါဘူးေပါ့
က်ေတာ္တို႔ကပိြဳင့္မွာ ဗိုလ္ၾကီးကအလယ္မွာေလ။
"ေဟ့ေကာင္ေတြ ေျပာေလကြာ "
အဲမွာ တစ္ေယာက္က ထေျဖတယ္
"အာေခ်ာင္တာကေတာ့ အကုန္လံုးပဲဗိုလ္ၾကီး ဘာျဖစ္လို႔လဲမသိဘူးခင္ဗ်"
ေအး...တျခားဘာေျပာလဲေတာ့ငါမ
"မင္းတို႔ေကာင္ေတြ အဲဒီတပ္ခြဲကို သတိဆြဲ ခိုင္းခဲ့တယ္ဆို"
"အခုထိတန္းမျဖဳတ္ရေသးလို႔တဲ
"အိပ္လို႔ကိုမရဘူး သူတို႔ မိုးေရထဲမွာ ရပ္ေနရတာ ေတာ္ေတာ္ၾကာျပီလို႔ပဲ လာေျပာေနတယ္ "
"မင္းတို႔ေတာ္ေတာ္ ျဂိဳလ္ေမႊတဲ့ေကာင္ေတြကြာ "
"ဆရာၾကီးစိုး၀င္း မနက္ ၄နာရီထိုးတာနဲ ့ ခင္ဗ်ားနဲ ့
တပ္စိတ္တစ္စိတ္အဲဒီကိုျပန္သ
ျပီးတာနဲ ့က်ေတာ္ အမိန့္ျပန္စာေရးေပးလိုက္မယ္
တစ္ခါတည္းအမိန္႔ျပန္ခဲ့ ၾကားလား"
"ဟုတ္ကဲ့ဗိုလ္ၾကီး"
က်ေတာ္ ၾကားၾကားခ်င္းတုန္းကေတာ္ေတာ
သူတိဳု႔ကိုယ္သူတို႔ က်ဆံုးသြားက်ျပီဆိုတာေရာ သူတို႔သိၾကရဲ႔လား။ သူတို႔ခုခ်ိန္ထိ တာ၀န္ေတြထမ္းေဆာင္ေနၾကတုန္း
အထက္ကအျဖစ္ပ်က္ႏွစ္ခုကို
ႏွိုင္းယွဥ္မိတယ္။ ေနာက္ျပီး က်ေတာ္မမီလိုက္တဲ့ က်ေတာ္မသိလိုက္တဲ့ စစ္ရဲ႔သားေကာင္ေတြ က်ဆံုးေလျပီးေသာ တပ္မေတာ္သားေတြ ၊
သူတို႔ရဲ႔စိတ္ဓါတ္ကိုေလးစား
" သူတို႔ ခုထိ အမိန္႔ နာခံ ေနၾကတုန္းပဲ "
#ထူူးေ၀

သူတို့ ခုထိ အမိန့် နာခံနေကြတုန်းပဲ
=====================
ကျွန်တော်တို့စစ်တပ်ထဲမှာ တစ်ခါတစ်လေ ထူးခြားဆန်းပြားတာတွေရှိတယ်ဗျ။ ယုံချင်မှလည်းယုံကြပါ ဘာလို့လဲဆိုတော့ ကျတော်အခုပြောချင်တဲ့အကြောင်းလေးတွေက
ယုံဖို့ခက်ခဲနိုင်တဲ့ကိစ္စလေးတွေမို့လို့ပါ။
ကျတော်တို့ စစ်တက္ကသိုလ်မှာ ပထမနှစ်တွေ ပြေးရတဲ့ တောတွင်းမိုင်ရှည် နယ်ကျော်ပြေးပွဲဆိုတာရှိတယ်။ အဲဒီပြေးပွဲက တပ်ရင်းတွေ တပ်ခွဲတွေအတွက် အောင်စစ်သည်ရမှတ်ပြိုင်တာဖြစ်လို့
နောက်ပြီး အပါတ်စဉ်ရဲ့ဂုဏ်သိက္ခာနဲ့လည်းဆိုင်တာမို့ အားလုံးအားသွန်ခွန်စိုက်ပြေးကြတယ်။
မိုင်ရှည်ပြေးပွဲဆိုပေမယ့် တာတိုပြေး သလိုကိုပြေးကြတာများတယ်။ ပြေးရင်းနဲ့မတော်တဆတွေလဲဖြစ်တာပေါ့ဗျာ။ တစ်ချို့ကခြေခေါက်လဲတယ်၊ တစ်ချို့ဆိုချော်လဲပြီးလက်တွေပါတွေကျိုးတယ် (လက်ကျိုးကြီးနဲ့ပန်းဝင်လာခဲ့တဲ့ အပါတ်စဉ်ရှိတယ်ဗျ)
အပါတ်စဉ်တစ်ချို့မှာတော့ ပြေးချင်စိတ်တွေအရမ်းများပြီး အမောဖောက်လို့ အသက်ဆုံးရှုံးခဲ့ရတာလဲရှိတယ်။
ကျတော်ပြောချင်တာဒီနေရာပဲ.....
မှတ်တော့မမှတ်မိတော့ဘူးဗျ အမှတ်စဉ် ၄၇ လား ၄၈ လားမသိဘူး ကြုံခဲ့တာကို စီနီယာတွေပြန်ပြောပြတာ။ အဲတုန်းက တပ်ခွဲလိုက်တာလွှတ်တဲ့အချိန်မှာ ၃မိုင်လောက်ထိ
ဘုရင့်နောင်က ဗိုလ်လောင်းကတစ်ယောက်ထဲ ဦးဆောင်ပြီးပြေးနေတယ်။ သူ့ရှေ့မှာလည်းဘယ်သူမှမရှိဘူးသူက အပြေးတော်တော်သန်တယ်လို့ကြားတယ်။
ဒီလိုနဲ့ Check Point လို့ခေါ်တဲ့ တောင်ထိပ်ထိသူ့ကိုဘယ်သူမှမမီကြဘူး။ အဲဒီကနေ
မြေပုံခန်းတွေထားတဲ့ ဗျူဟာ (၁၀ ) ဆောင် လမ်းကြားကိုဖြတ်ပြေးရတယ်။ ဗျူဟာ (၁၀) ဆောင်ဆိုတာနာမည်ကြီး ကျတော်နည်းပြဖြစ်တော့ အဲဒီအဆောင်မှာနေရတာ။ ထားပါတော့
အဲဒီနေရာရောက်တော့ ဗိုလ်လောင်းက ပုံမှန်ခြေလှမ်းကြဲကြဲနဲ့ပြေးတယ်။ အဲလိုပြေးနေရင်းမှာပဲ
ဗျူဟာ(၁၀) ဆောင်ကြားထဲကနေ ဗိုလ်လောင်းတစ်ယောက်ဖြတ်ပြေးတယ်လို့ပြောတယ်။ သူလဲတော်တော်ဒေါသထွက်သွားတယ်။ ဒီကောင်တွေ ညစ်ပါတ်ပြီ စိတ်ဓါတ်မရှိဘူး
ဖြတ်လမ်းကနေပြေးတယ်ပေါ့။ အဲလိုနဲ့သူလဲ ရှေ့ကဗိုလ်လောင်းကိုမှီအောင်လိုက်တယ်။ ပြီးတော့ပြောတာပေါ့
"ဟေ့ကောင် မင်းဘယ်ကနေပြေးတာလဲ"
"မရှက်ဘူးးလား ဘာလို့ဖြတ်လမ်းကပြေးတာလဲ"
ရှေ့ကဗိုလ်လောင်းက သူ့ကိုပြန်ပြီးမျက်ထောင့်နီနဲ့ကြည့်တယ်။ အကြည့်ခံရတဲ့ဗိုလ်လောင်းလဲ
ဘာရယ်မဟုတ်ဘူး ကျောထဲစိမ့်ကနဲတော့ဖြစ်သွားတယ်။ ပြီးတော့မှ ရှေ့ကဗိုလ်လောင်းက စကားကို တစ်ခွန်းချင်းမေးတယ်တဲ့။
"ငါ့ကိုဟိတ်ကောင်ခေါ်ရအောင်မင်းက ဘယ်အပါတ်စဉ်လဲ"
"ဟေ့ကောင်မင်း ရူးကြောင်မူးကြောင်းမလုပ်နဲ့ ငါတို့တစ်ပါတ်စဉ်လုံးဒီနေ့ပြေးတာ
မင်း Honour ရှိရှိ တာလွှတ်ဒိုင်ကိုပြန်သွားပါ "
ဆိုပြီး နောက်ကဗိုလ်လောင်းကပြောတော့သူက အသံအေးစက်စက်နဲ့တစ်ခွန်းချင်းပြန်ပြောတယ်။
"ဒီမှာ ညီလေး ငါ နယ်ကျော်ပြေးပွဲကိုပြေးနေတာ ၁၅ နှစ်ကျော်ပြီ "
"မင်းငါမွေးရင်ငါ့သားလောက်ပဲရှိတယ် "
"ဗျာာာာာာာာာာာာာာာာာာာာာာာာာာာာ"
ဘုရင့်နောင်ကဗိုလ်လောင်းလဲ ဗျာတစ်ခွန်းပဲပြောနိုင်တယ် ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးတာ အဲဒီနှစ်က အကောင်းဆုံးစံချိန်ပါရတယ်ဆိုပဲ။
နောက်တစ်ခုကတော့ ကျတော် အရာရှိဖြစ်ပြီ ။ ကျတော်ဒုဗိုလ်မိခင်တပ်မှာတုန်းက ညညဆို တာဝန်ကြပ်ကြီးကျတဲ့ တပ်ကြပ်ကြီးတွေ စီကျူ ကြီးတွေစီသွားပီး သူတို့ရဲ့တိုက်ပွဲအတွေ့ကြုံတွေမေးလေ့မေးထရှိတယ်။
ကျတော့်ကို စီကျူ ကြီးတစ်ယောက်ပြောပြတာ။
သူတို့ ကရင်ပြည်နယ် မော်ဖိုးကေ၊ ဝေါလေဘက်ထွက်တုန်းကအကြောင်းလေးပါ။
"ကျတော်တို့ ကလှုပ်ရှားထွက်တာပေါ့ဗိုလ်ကြီးရာ အဲတုန်းက မိုးကတအားရွာနေတာ
ဗိုက်တွေကလဲဆာလှပြီ။ နားချင်တာမိုးရွာတော့နားလို့ကမရဘူး။ တပ်ခွဲမှူးကလဲ ဒီည စခန်းရောက်အောင် ပြန်မယ်ဆိုပြီး တစ်ဆက်တည်းပြန်တာပေါ့ဗျာ
လမ်းမှာမီးကလဲသုံးမရ မိုးကလဲရွာတော့ တစ်ဗိုင်းဗိုင်းနဲ့ချော်လဲ
ဒီလိုနဲ့ ဗိုလ်ကြီးရာ S ကွေ့တစ်ခုရောက်တော့ ပွိုင့်က ခလုတ်တိုက်တယ်လို့ပြောတယ်။
အဲဒါနဲ့ဓါတ်မီးအုပ်ထိုးကြည့်တာ သချီုင်းတစ်ခုတွေ့တယ်ဗျ
ခ.လ.ရ ( ) မှ စစ်သည်များ၏ သူရဲကောင်း ဗိမ္မာန်ဆိုပြီး ဇကောမှာ ဆေးအနီနဲ့ရေးထားတာ
အဲနေရာက ချုံခိုမိထားတာ တပ်ခွဲတစ်ခွဲလုံးကျထားတဲ့နေရာလို့ပြောကြတယ်
အကုန်လုံးကို နှစ်ယောက်တစ်ကျင်း သုံးယောက်တစ်ကျင်းနဲ့ ဗျူဟာက လာဖို့ပေးထားတာ
အဲနေရာရော်ကတော့ ရဲဘော်တွေကလဲ အာချောင်ကြတယ်ဗျ
"ဟ ငါတို့ဘက်က ကောင်တွေပဲ "
"မင်းတို့ပဲအေးချမ်းပါတယ်ကွာ"
"ယောက်ဖတို့ရေ နှပ်ကြဟေ့ ကောင်းတယ် ကောင်းတယ်"
ဘာညာနဲ့အော်ကြတာပေါ့ဗျာ။
နောက်ဆုံးတစ်ယောက်ကတော့ လျှောက်အော်တယ်ဗျ စတာပေါ့ဗျာ။
"တပ်ခွဲ..ရှေ့ကြည့်"
"တပ်ခွဲ...သတိ"
"အေးအဲတိုင်းပဲနေနော်...တန်းမဖြူတ်နဲ့"
ကျတော်တောင်ငေါက်လိုက်သေးတယ်။ ဟေ့ကောင်တွေအာမချောင်နဲ့ ကိုယ့်လမ်းကိုယ်သွားဆိုပြီးတော့ ဆူရတာပေါ့။
ဒီလိုနဲ့ည ၂နာရီလောက်ကျတော့ စခန်းကိုရောက်တယ် ။ တပ်ခွဲမှူးကလူစစ် သေနတ်စစ်လုပ်၊
ကင်းချပြီး အိပ်ကြတာပေါ့။ အဲဒီမှာ နံနက်သုံးနာရီလောက်မှာတပ်ခွဲမှူး ဒုက္ခရောက်တော့တာပဲ။
"ဆရာကြီး စိုးဝင်း "
"ဆရာကြီး စိုးဝင်း"
"ဟေ့ကောင်တွေ အကုန်တန်းစီစမ်း"
ကျတော်တို့ကဘာများဖြစ်တာလဲပေါ့ ရဲဘော်တွေလဲ တန်းစီတယ်ကျတော်ကလဲဗိုလ်ကြီးဘာဖြစ်လို့လဲခင်ဗျလို့မေးတယ်.။
အဲမှာဗိုလ်ကြီးက မေးတယ်
"မင်းတို့ စစ်သင်္ချိုင်းမှာ အာချောင်ခဲ့တာဘယ်ကောင်လဲ"
ကျတော်တောင်အံ့သြသွားတယ် ဒီကောင်တွေပြောတုန်းက ဗိုလ်ကြီးမသိပါဘူးပေါ့
ကျတော်တို့ကပွိုင့်မှာ ဗိုလ်ကြီးကအလယ်မှာလေ။
"ဟေ့ကောင်တွေ ပြောလေကွာ "
အဲမှာ တစ်ယောက်က ထဖြေတယ်
"အာချောင်တာကတော့ အကုန်လုံးပဲဗိုလ်ကြီး ဘာဖြစ်လို့လဲမသိဘူးခင်ဗျ"
အေး...တခြားဘာပြောလဲတော့ငါမသိဘူး
"မင်းတို့ကောင်တွေ အဲဒီတပ်ခွဲကို သတိဆွဲ ခိုင်းခဲ့တယ်ဆို"
"အခုထိတန်းမဖြုတ်ရသေးလို့တဲ့ အခုငါ့ကိုလာပြောနေတယ်"
"အိပ်လို့ကိုမရဘူး သူတို့ မိုးရေထဲမှာ ရပ်နေရတာ တော်တော်ကြာပြီလို့ပဲ လာပြောနေတယ် "
"မင်းတို့တော်တော် ဂြိုလ်မွှေတဲ့ကောင်တွေကွာ "
"ဆရာကြီးစိုးဝင်း မနက် ၄နာရီထိုးတာနဲ့ ခင်ဗျားနဲ့
တပ်စိတ်တစ်စိတ်အဲဒီကိုပြန်သွား တန်းဖြုတ်ခဲ့
ပြီးတာနဲ့ကျတော် အမိန့်ပြန်စာရေးပေးလိုက်မယ်
တစ်ခါတည်းအမိန့်ပြန်ခဲ့ ကြားလား"
"ဟုတ်ကဲ့ဗိုလ်ကြီး"
ကျတော် ကြားကြားချင်းတုန်းကတော်တော်ကျက်သီးထတယ်။ နောက်ပြီးတော့ သနားလဲသနားတယ်။ သူတို့တွေအတွက် တောထဲမှာ သရဏဂုံတင်ဖို့ဘုန်းကြီးဆိုတာလဲရှိမှာမဟုတ်ဘူး။
သူတိုု့ကိုယ်သူတို့ ကျဆုံးသွားကျပြီဆိုတာရော သူတို့သိကြရဲ့လား။ သူတို့ခုချိန်ထိ တာဝန်တွေထမ်းဆောင်နေကြတုန်းပဲလား။
အထက်ကအဖြစ်ပျက်နှစ်ခုကို
နှိုင်းယှဉ်မိတယ်။ နောက်ပြီး ကျတော်မမီလိုက်တဲ့ ကျတော်မသိလိုက်တဲ့ စစ်ရဲ့သားကောင်တွေ ကျဆုံးလေပြီးသော တပ်မတော်သားတွေ ၊
သူတို့ရဲ့စိတ်ဓါတ်ကိုလေးစားသလို သနားလဲ အရမ်းသနားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့
" သူတို့ ခုထိ အမိန့် နာခံ နေကြတုန်းပဲ "
#ထူူးဝေ
0 comments:
Post a Comment