Sunday, October 7, 2018

စစ္​သား​ေတြဟာ တစ္​​ေယာက္​မ်က္​ႏွာ တစ္​​ေယာက္​မၾကည္​့ၾကဘူး


# စစ္​သား​ေတြဟာ တစ္​​ေယာက္​မ်က္​ႏွာ တစ္​​ေယာက္​မၾကည္​့ၾကဘူး#

ဟုတ္​တယ္​ ကြၽန္​​ေတာ္​တို႔ စစ္​သား​ေတြဟာ တစ္​​ေယာက္​နဲ႔
တစ္​​ေယာက္​ မ်က္​ႏွာသာ မ​ေပးၾကဘူး....

တိုက္​ပြဲ မွာ အလယ္​ကို က်လာတဲ့ လက္​ပစ္​ဗံုး...
မျဖစ္​စ​ေလာက္​​ေလး ရလာတဲ့ အခ်ိန္​...
ရင္​ဘက္​နဲ႔ ​ေျပးအုပ္​ဖို႔ ....
သူတို႔ ဘယ္​သူ႔ကိုမွ မတိုင္​ပင္​ၾကဘူး...

ကုန္​း​ေပၚက ဘန္​ကာ..
အဆက္​မျပတ္​ပစ္​​ေနတဲ့ စက္​​ေသနတ္​...
ခါးကလက္​ပစ္​ဗံုးဆြဲၿပီး ​ေျပးတတ္​ပစ္​ထည္​့ဖို႔
သူတို႔​ေတြ သူမ်ားကို အလွည္​့မ​ေပးၾကဘူး...

​ေ႐ွ႕မွာမိုင္​းကြင္​း...
ျဖတ္​ကိုျဖတ္​ရမယ္​့ ဒီခရီး...
ပြိဳင္​့တတ္​ဖို႔ အၿပိဳင္​​ေတာင္​းဆို​ေနၾကတဲ့ တပ္​စိတ္​
သူတို႔ ....ျဖစ္​ခ်င္​တာပဲ သိၾကတယ္​

​ေ႐ွ႕မွာမွန္​ထားတဲ့ ရဲ​ေဘာ္​...
​ေခြး​ေခ်ာင္​း​ေခ်ာင္​း​ေနတဲ့ sniper..
အကာကြယ္​မပါ တတ္​ဆြဲဖို႔
သူတို႔ သူ႔ထက္​ငါ ႀကိဳးစား​ေလ့႐ွိတယ္​...

ႏွစ္​ဘက္​ျခားက​ေခ်ာင္​း...
အလစ္​မ​ေပးတဲ့ ရန္​သူ....
​ေရငတ္​​ေနတဲ့ ကိုယ္​့လူတစ္​ခ်ိဳ႕...
ဆင္​းရင္​​ေသမွာ သိ​ေပမယ္​့
သူတို႔ သြားဖို႔ အၿပိဳင္​ျငင္​းခံု​ေလ့႐ွိၾကတယ္​..

အဲ့ဒါ​ေၾကာင္​့ ကြၽန္​​ေတာ္​​ေျပာပါတယ္​ 
စစ္​သား​ေတြဟာ ရဲ​ေဘာ္​အခ်င္​းခ်င္​း မ်က္​ႏွာမၾကည္​့ၾကဘူး...
ရင္​ဘတ္​ထဲကို ဝင္​ၿပီး သူတို႔ရဲ႕ ဘဝအခ်င္​းခ်င္​းကိုပဲ ၾကည္​့ၾကတယ္​.

#စစ္ျမတ္ ေသြး
Image may contain: one or more people and outdoor
# စစ်သားတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ကြဘူး#

ဟုတ်တယ် ကျွန်တော်တို့ စစ်သားတွေဟာ တစ်ယောက်နဲ့
တစ်ယောက် မျက်နှာသာ မပေးကြဘူး....

တိုက်ပွဲ မှာ အလယ်ကို ကျလာတဲ့ လက်ပစ်ဗုံး...
မဖြစ်စလောက်လေး ရလာတဲ့ အချိန်...
ရင်ဘက်နဲ့ ပြေးအုပ်ဖို့ ....
သူတို့ ဘယ်သူ့ကိုမှ မတိုင်ပင်ကြဘူး...

ကုန်းပေါ်က ဘန်ကာ..
အဆက်မပြတ်ပစ်နေတဲ့ စက်သေနတ်...
ခါးကလက်ပစ်ဗုံးဆွဲပြီး ပြေးတတ်ပစ်ထည့်ဖို့
သူတို့တွေ သူများကို အလှည့်မပေးကြဘူး...

ရှေ့မှာမိုင်းကွင်း...
ဖြတ်ကိုဖြတ်ရမယ့် ဒီခရီး...
ပွိုင့်တတ်ဖို့ အပြိုင်တောင်းဆိုနေကြတဲ့ တပ်စိတ်
သူတို့ ....ဖြစ်ချင်တာပဲ သိကြတယ်

ရှေ့မှာမှန်ထားတဲ့ ရဲဘော်...
ခွေးချောင်းချောင်းနေတဲ့ sniper..
အကာကွယ်မပါ တတ်ဆွဲဖို့
သူတို့ သူ့ထက်ငါ ကြိုးစားလေ့ရှိတယ်...

နှစ်ဘက်ခြားကချောင်း...
အလစ်မပေးတဲ့ ရန်သူ....
ရေငတ်နေတဲ့ ကိုယ့်လူတစ်ချို့...
ဆင်းရင်သေမှာ သိပေမယ့်
သူတို့ သွားဖို့ အပြိုင်ငြင်းခုံလေ့ရှိကြတယ်..

အဲ့ဒါကြောင့် ကျွန်တော်ပြောပါတယ် 
စစ်သားတွေဟာ ရဲဘော်အချင်းချင်း မျက်နှာမကြည့်ကြဘူး...
ရင်ဘတ်ထဲကို ဝင်ပြီး သူတို့ရဲ့ ဘဝအချင်းချင်းကိုပဲ ကြည့်ကြတယ်.

#စစ်မြတ် သွေး

0 comments:

Post a Comment