Friday, July 31, 2020

ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများပိုင် လယ်ယာမြေရိုင်းများအား မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများပိုင် လယ်ယာမြေရိုင်းများအား မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ၊ ဇူလိုင် - ၃၀


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၉၈ စု တိုက်ပွဲရှောင်ကာလ ၈ နှစ်ကျော်အတွင်း စွန့်ပစ်ခဲ့သော ကျေးရွာအနီး ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေရိုင်း ၁၀၀ ဧကခန့်အား ၎င်းတို့ရေရှည် အသက်မွေးဝမ်း ကြောင်းအတွက် ပြန်လည်ဖော်ထုတ်ရန် မိုင်းရှင်းလင်းပေးစေလိုကြောင်း တင်ပြလာသဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၈ ရက်အထိ မြေယာ ၁၀၀ ဧကကို ရှင်းလင်းပေးနိုင်ခဲ့ပြီး မိုင်းမျိုးစုံ ၁၀ လုံးနှင့် ဗုံးသီးမျိုးစုံ ၃ လုံးနှင့် လက်ပစ်ဗုံး ၄ လုံးတို့အား ရှင်းလင်းဖော်ထုတ် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment