ပြည်မြို့အထွေထွေရောဂါကုဆေးရုံ(ခုတင်-၅၀၀)၌ တပ်မတော်သားများက သွေးလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၉

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့ရှိ အထွေထွေရောဂါ ကုဆေးရုံ (ခုတင်- ၅၀၀)၌ သွေးလိုအပ်မှုမရှိစေရေးအတွက် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံသို့ သွားရောက် လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာ သွေးလှူရှင် အရာရှိ၊ စစ်သည် ၇၈ ဦးတို့က သတ်မှတ်နေရာ၌ သွေးလှူဒါန်းကြသည်။ ယင်းသို့ သွေးလှူဒါန်းပေးမှုများကို တပ်နယ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး သွေးလှူရှင်များအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment