ဒါးလက်ချောင်းကျေးရွာရှိ ချင်းတိုင်းရင်းသားများ၏ စက်လှေများအား AA အဖွဲ့မှ ရိက္ခာပို့ရန် အတွက်ဟုဆိုကာ သိမ်းယူသွား
========================
သြဂုတ် - ၁
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းကျေးရွာရှိ ချင်းတိုင်းရင်းသားများ၏ စက်လှေများအား AA အဖွဲ့မှ ရိက္ခာပို့ရန် အတွက်ဟုဆိုကာ သိမ်းယူသွားကြောင်း သိရှိရသည်။
မနေ့က ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းခံရသည့် ချင်းတိုင်းရင်းသားများမှာ မည်သည့်ဘက်ကိုမှ မတိုင်ရဲကြောင်း၊ သိမ်းဆည်းခံရသူများမှာ သွားရေးလာရေး အခက်အခဲ ဖြစ်နေရကြောင်း ဒေသခံများမှ ပြောသည်။
“ အားလုံးပေါင်း ၆ စီး ယူသွားတယ်၊ မင်္ဂလာဒုံ ကျေးရွာဘက်က တစ်စီးပါတယ်၊ သေနတ်တွေနဲ့ဆိုတော့ မပေးရင်လည်း သစ္စာဖောက်ဆိုပြီးသတ်ခံရမှာ ရခိုင်ရွာတွေကနေ မတောင်းဘဲ ကျနော်တို့ကိုအကြိမ်ကြိမ်နှိပ်ဆက်နေသလိုဖြစ်နေပြီ။ စစ်တပ်တိုင်လည်း AA က လာသတ်မယ်၊ AA ကို သွားတိုင်လည်း ဒီထပ်ပိုဆိုးမယ်ဆိုတော့ မတိုင်တော့တာပဲကောင်းတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံချင်းတိုင်းရင်းသားတစ်ဦးမှ ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းကျေးရွာနှင့် မင်္ဂလာဒုံ ကျေးရွာမှ ဒေသခံ (၁၀၀၀)ကျော် ဦးသည် တိုက်ပွဲများနှင့် AA အဖွဲ့တို့၏ ရိက္ခာတောင်းခံမှုများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်လာ သဖြင့် နေရပ်စွန့်ခွာ မြို့ပေါ်သို့ တိမ်းရှောင်ခဲ့ကြကြောင်း သိရှိရသည်။
စစ်ဘေးရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေသော ချင်းတက္ကသိုလ် ကျောင်းသားများ အဖွဲ့(CUSR) မှ ဥက္ကဋ္ဌ ဆလိုင်း ထွန်းလှကျော်က တိုက်ပွဲတွေ ဖြစ်တာတွေရှိတယ် နောက် AA အဖွဲ့က ရိက္ခာတောင်းခံတယ်၊အဲ့လိုတွေရှိတာတွေကြောင့်မို့ စားနပ် ရိက္ခာ အခက်အခဲ ရှိတယ်။ အခု ဒါးလက် အုပ်စုထဲက မြသိန်းတန် ဘုန်းကြီးကျောင်းမှာ နေတယ်" ဟု ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုရှိ မင်္ဂလာဒုံကျေးရွာတွင် ချင်းတိုင်းရင်းသားများ နေထိုင်သည့် ချင်းရွာများဖြစ်ပြီး အိမ်ခြေ ၁၁၂ အိမ် ရှိကာ လူဦးရေအားဖြင့် ၆၅၀ ကျော်သာ ရှိပြီး အဆိုပါကျေးရွာများတွင် AA အဖွဲ့မှ ၀င်ရောက်နေထိုင်ကာ တိုက်ပွဲများဖန်တီးနေမှုကြောင့် ထွက်ပြေးခဲ့ကြရသည့် ရွာသား ၄၃၁ ဦးတွင် ကလေးနှင့် အသက်ကြီးရွယ်အို အများဆုံး ပါဝင်ပြီး ကျန်သူများက ရွာစောင့်ရန် ကျန်ရစ်ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment