ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်၊ ထောက်ပံ့ပစ္စည်းများပေးအပ်
တံတားဦးမြို့၊ ဇူလိုင် ၂၆

ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေပတ်လည်ဝိုင်းရံလျက်ရှိသော တံတားဦးမြို့နယ်အတွင်းရှိ ပေါက်တော ပေါက်မြိုင်အုပ်စု၊ ထောင်ရစ်ကျေးရွာ၊ မြေငူကျေးရွာများသို့ ယနေ့ နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ကျောက်ဆည်တပ်နယ်မှ တာဝန်ရှိသူများက အခြေအနေသွားရောက်ကြည့်ရှုခဲ့ပြီး ပေါက်တောမြိုင်ကျေးရွာ တွင် ကျေးရွာသူ/ကျေးရွာသား (၈၀) ဦးတို့အား ဆေးကုသပေးခဲ့ပြီး ပေါက်မြိုင်ကျေးရွာရှိ သက်ကြီးရွယ်အို ၁၃ ဦးနှင့် ဆေးကုသမှုခံယူခဲ့သော ကျေးရွာသူကျေးရွာသားတို့အား မှော်ဘီခေါက်ဆွဲခြောက်ထုပ်၊ ရွှေဖီဦး(တီးမစ်) ထုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

#ရွှေဆည်သတင်းမီဒီယာ
0 comments:
Post a Comment